ပေါင်သန်း (၂၀) ပေးလျှင် ဆန်တာခရုစ်အား ထိပ်တန်းအသင်းများ ခေါ်ယူနိုင်

alt

ပါရာဂွေး တိုက်စစ်မှူး ရောကွေး ဆန်တာ ခရုစ်က ၎င်းနှင့် ဘလက်ဘန်း အသင်းတို့ ချုပ်ဆိုထားသော စာချုပ်အရ သူ့အား ပေါင်သန်း (၂၀) ပေးဝယ်လျှင် အသင်းမှ ထွက်ခွာရန် ခွင့်ပြုထားကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

 ထို သတင်းသည် ရောကွေးအား အလွန် စိတ်ဝင်စားနေသည့် ပရီးမီးယားလိဂ် သူကြွယ်အသင်း မန်ချက်စတာစီးတီး အတွက် အလွန် ကောင်းမွန်သည့် အကြောင်းတရပ်ပင် ဖြစ်သည်။

အသက် (၂၈) နှစ်ရှိ တိုက်စစ်မှူး ခရုစ်က ဘလက်ဘန်းတွင် ဆက်မနေလို တော့ပါဟု အတိအလင်း ကြေငြာခဲ့သည်။ (၂၀၀၉) ခုနှစ် ဇွန်လသို့ ရောက်ရှိချိန်တွင် ၎င်း၏ ပြောင်းရွှေ့ကြေးအား ပေါင်သန်း (၂၀) သတ်မှတ်ပြီး ခေါ်ယူချင်သည့် မည်သည့် အသင်းကို မဆို ဘလက်ဘန်း အနေနှင့် တားဆီးနိုင်မည် မဟုတ်ကြောင်း၊ ၎င်းသည်လည်း အသင်းကို စွန့်ခွာကာ ထိပ်တန်းအသင်း တခုသို့ ပြောင်းရွှေ့လိုကြောင်း ဆန်တာ ခရုစ်က ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here