လေဖြတ် ဝေဒနာရှင်များကို ကူညီမည့် စက်ရုပ်တီထွင်

alt

လေဖြတ် နေသူများ အတွက် အကူအညီ ရစေမည့် စက်ရုပ်တမျိုးကို ပညာရှင်များက တီထွင် လိုက်ပြီ ဖြစ်သည်ဟု ကယ်လီဖိုးနီးယား ဆေးသုတေသီ များက ဆိုသည်။

 ပစ္စည်းများကို ဆုပ်ကိုင်ရန် အားမရှိသူ များအတွက် အဆိုပါ စက်ရုပ်က ကူညီမှု ရရှိစေမည်ဟု သိရသည်။ ထို့အပြင် လေဖြတ်ပြီး အိပ်ယာထဲ လဲနေသူများ၏ ခြေလက်များကို လေ့ကျင့်ခန်း ပြုလုပ်ပေးရန်လည်း ထိုစက်ရုပ်က ကူညီနိုင်ပြီး နာတာ ရှည်ဖြစ်မှုနှင့် မသန်စွမ်းမှုတို့မှ ကာကွယ် ပေးနိုင်မည် ဖြစ်သည်။

နည်းပညာသစ် အသုံးပြုထားသည့် အဆိုပါ စက်ကိရိယာကို ယခုအခါ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဆရာဝန်များက  စမ်းသပ် အသုံးပြုလျှက် ရှိပြီး အသက် (၆၀) အထက် လေဖြတ်သူ လူနာ (၁၅) ဦးအထိ အဆိုပါ စက်ရုပ်ကို အသုံးပြု နေပြီဖြစ်သည်။

စက်ရုပ်သည် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ လှုပ်ရှားမှုများကို မှတ်သားပေးထားပြီး လေဖြတ်သဖြင့် ကိုယ်လက် လှုပ်ရှားရန် မသန်စွမ်းသည့် လေဖြတ် လူနာများ၏ ကိုယ်လက်များကို လှုပ်ရှား ပေးစေခြင်းဖြင့် အကြောများ ပြန်လည် သန်စွမ်းလာစေပြီး ခန္ဓာကိုယ် သွေးလည်ပတ်မှုကို ကောင်းမွန်စေရန် အထောက် အကူပြုကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here