ဂျနီဖါ လိုပက်(စ်) နှင့် လက်တင်ပေါ့(ပ်) ဂီတ ဘုရင် မတ်(ဂ်)အန်ထော်နီ တို့၏ အမွှာ သားသမီး ၂ဦး မွေးနေ့

alt

ဂျနီဖါ လိုပက်(စ်) နှင့် မတ်(ဂ်)အန်ထော်နီ တို့၏ အမွှာ သားသမီး ၂ဦး မက်(စ်) နှင့် အန်မီတို့ ၁နှစ်မြောက် မွေးနေ့ ကို ဟောလီးဝုဒ် အရပ်ရှိ ဘဲလ်အဲယား စံအိမ်ကြီးတွင် ယမန်နေ့ နေ့လည့် ၁နာရီက စတင် ကျင်းပသွားသည်ဟု သိရှိရသည်။

ထိုမွေးနေ့ ပါတီ အခမ်းအနားသို့ ရင်းနှီးသူ ၅၀ခန့်သာ ဖိတ်ကြားသည်ဟု သိရှိရပြီး၊ မင်းသမီး နီခိုး ရစ်ချီ၊ မင်းသား ဂျိုးမက်ဒန် လင်မယား နှင့် သမီး ဖြစ်သူ ဟာရိုး တို့ကိုလည်း တွေ့ရှိရသည်။

တက်ရောက်လာသော ဧည့်ပရိတ်သတ် များသည် အရောင်တောက်ပသော ဝတ်စုံများ ဝတ်ဆင်ထားပြီး အယ်မို နှင့် ဒစ္စနေလန်း အမှတ်တရ လက်ဆောင် ပစ္စည်းအိတ်များ ကိုင်ဆောင်လာသည်ကို တွေ့ရှိရသည်။

မွေးနေ့ ပါတီကို ဘဲလ်အဲယား စံအိမ်၏ အနောက်ဖက်တွင် ကျင်းပပြီး မက်တယ်လစ် ကာလာ မိုးပျံပူပေါင်း ငွေရောင်၊ အပြာ၊ အနီရောင်တို့ ချိတ်ဆွဲထားပြီး ကစားစရာ လေထိုး ပလပ်စတစ် အရုပ်ကြီးများ ခင်းကျင်းထားပြီး အရက်ဘီယာ တို့မပါပဲ အရောင်စုံသော Slush ဖျော်ရည်စုံကို ဟာဝေယံပုံစံ ဝတ်ဆင်ထားသော Margarita Man၊ ကလေးများ ချစ်သော ဂျိုကာပုံ စားပွဲထိုး များက ဆာဗစ် ပေးကြသည်။

လှပသော ဖယောင်းတိုင် များနှင့် အလှဆင်ထားသော မွေးနေ့ ကိတ်မုန့်ကြီးမှာ နှင်းဆီအဖူး သဏ္ဍာန်ပြုလုပ်ထားပြီး၊ မက်(စ်) နှင့် အန်မီ တို့၏ အမှန်တကယ် မွေးနေ့မှာ အော်စကာဆုပေးမည့် ရက်နှင့် တိုက်ဆိုင်နေသော ယနေ့ ဖေဖေါ်ဝါရီလ (၂၂) ဖြစ်သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here