မိုဘိုင်းလ် Broadband စနစ် အကောင်အထည်ဖေါ်မှု အောင်မြင်တော့မည်ဟုဆို

alt

ကမာ္ဘကျော် တယ်လီဖုန်း ကုမ္ပဏီကြီး Motorola သည် မိုဘိုင်းလ် ကဏ္ဍ၏ Broadband စနစ်ကို အကောင်အထည် ဖော်ရန် ကြိုးစားနေမှုမှာ အောင်မြင်လု နီးပြီဟု ကြေငြာလိုက်ပြီ ဖြစ်သည်။

 ဗြိတိန်နှင့် မြောက်အမေရိကတိုက်တွင် စတင်နိုင်ရန် စီစဉ်နေသော အဆိုပါ စနစ်သည် မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ ဒေတာများဖုန်းမှ တဆင့် အင်တာနက်သို့ ပေးပို့မှု အလွန် လျှင်မြန်သဖြင့်  အမှန်တကယ် အကျိုးရှိမည်ဟု Motorola ကဆိုသည်။

4G ကွန်ယက်စနစ်ကို ထူထောင်ရာတွင် Motorola သည် ရှေ့ဆုံးတန်းမှ ဦးဆောင် ပါ၀င်နေကြောင်း၊ မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ၏ တောင်းဆိုမှု မြင့်တက်လာခြင်းအား ဖြည့်ဆည်း ပေးနိုင်ရေး အစွမ်းကုန် ကြိုးပမ်းနေပါကြောင်း Motorola ကုမ္မဏီကြီးမှ ကတိပြု ပြောဆိုသွားသည်။

အကြီးတန်း လက်ထောက် အမှုဆောင်တဦး ဖြစ်သည့် ဂျိုးကော်ဇို လီနိုက စမ်းသပ်ကာလ အတွင်း တုန့်ပြန်မှု ရလဒ်များမှာ အလွန်အားရ ကျေနပ်စရာ ဖြစ်နေခဲ့ကြောင်း ပြောကြားခဲ့သည်။ Long – Term Evolution (LTE) စနစ်ကို လာမည့် (၁၂) လတာ ကာလအတွင်း အပြီးသတ်ပြီး မိုဘိုင်းလ်ဖုန်း ကဏ္ဍသစ်တရပ် ထူထောင်နိုင်ရန် မိမိတို့ အနေနှင့် အစွမ်းကုန် ကြိုးပမ်း နေပါသည်ဟုလည်း ကော်ဇို လီနိုက သတင်းထောက်များအား ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here