အိုဘားမားကို သရော်သည့် ကာတွန်းအတွက် လူမည်းများကို နယူးယောက်ပို့စ် သတင်းစာက တောင်းပန်ခဲ့ရ

alt

အမေရိကန် အခြေစိုက် နာမည်ကြီး သတင်းဌာန တခုဖြစ်သော နယူးယောက် ပို့စ် သတင်း ဌာနမှာ ကာတွန်း တကွက်ကြောင့် လူမည်းများ၏ ဆန္ဒပြမှု

 ဖြစ်ပွား၍ ပြန်လည် တောင်းပန် ခဲ့ရကြောင်း သိရှိရသည်။

နယူးယောက်ပို့စ်တွင် ဖော်ပြခဲ့သည့် ကာတွန်းတကွက်တွင် အမေရိကန် သမ္မတ အိုဘားမားအား ဂေါ်ရီလာ မျောက်ဝံကြီး တကောင်နှယ် ရည်ညွှန်းထားရာမှ ပြဿနာ စခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ထိုကာတွန်း သတင်းစာထဲ ပါလာပြီး နောက်တွင် လူမည်းများက သတင်းစာ တိုက်ရှေ့တွင် ထိုသတင်းစာ ကာတွန်းများကို ကိုင်ကာ စုရုံး ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူ များတွင် ထိပ်သီး နိုင်ငံရေးသမားများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် လူ့ အခွင့်အရေး အဖွဲ့ဝင်များ ပူးပေါင်း ပါ၀င်ခဲ့ကြပြီး နယူးယောက်ပို့စ်၏ ကာတွန်းကို ရှုတ်ချခဲ့ကြသည်။

ထို့ကြောင့်လည်း ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် သတင်းစာတိုက်က ၎င်းတို့၏ ကာတွန်းအတွက် တောင်းပန်ပါကြောင်း၊ မျောက်ဝံရုပ်ကို ဖော်ပြခဲ့ခြင်းသည် လူမျိုးရေး ခွဲခြားမှုကိုု မရည်ရွယ် ခဲ့ပါကြောင်း ပြန်လည် တုန့်ပြန်ဖြေရှင်း ခဲ့ရသည်။

အနောက်နိုင်ငံများတွင် လူမည်းများကို မျောက်များအဖြစ် ခိုင်းနှိုင်း ရှုတ်ချလေ့ ရှိတတ်သောကြောင့် ယခုကဲ့သို့  ပြဿနာ ဖြစ်ပွားရခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here