မြေပဲ ဓါတ်မတည့်သည့် ကလေးငယ်များကို ကုသဖို့ နည်းလမ်းသစ်

alt

မြေပဲဓါတ် မတည့်သည့် ကလေးငယ် များကို ကုသနိုင်သည့် အကောင်းဆုံး နည်းလမ်းမှာ မြေပဲ များများ ကျွေးခြင်းသာ ဖြစ်ကြောင်း ဗြိတိသျှ ဆရာဝန်များ အသင်းက ပြောကြား လိုက်သည်။

မြေပဲ ဓါတ်မတည့်သူများ မြေပဲ စားမိသဖြင့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့သည့်တိုင် ဆရာဝန်များက ယခုကဲ့သို့ ပြောကြား လိုက်ခြင်းမှာ အများ အံ့ဩစရာ အနေအထား တခု ဖြစ်လာ ခဲ့ရသည်။

မြေပဲ နှင့် မတည့်သည့် ကလေးများအား တစထက် တစ အရေအတွက် တိုးပြီး မြေပဲတောင့်များ ကျွေးပေးခြင်းဖြင့် ဓါတ် မတည့်မှုကို ဖျောက်ဖျက် ပစ်လာနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

၎င်းတို့သည် စမ်းသပ်ချက်များ အရ ပထမဦးစွာ မြေပဲဆံကို အမှုန့်ပြုလုပ်ပြီး လူနာအား အနည်းငယ်စီ ကျွေးမွေးခဲ့ပြီး တဖြည်းဖြည်း နေ့စဉ်ပုံမှန် မြေပဲ ကျွေးသွားရာ (၆) လ အကြာတွင် မြေပဲ (၁၂) တောင့်အထိ စားနိုင် လာကြကြောင်း ကင်းဘရစ် ဆေးရုံမှ ဆရာဝန်များက ပြောကြားလိုက်သည်။

ထိုသဘောသည် အဆိပ်ကို အဆိပ် နှင့် ဖြေသည့် သဘောပင်ဖြစ်ပြီး ကလေးများကို မြေပဲ အနည်းငယ်ပုံမှန် ကျွေးသွားခြင်းဖြင့် မြေပဲနှင့် ဓါတ်မတည့် သဖြင့် သေဆုံးနေမှုကို ကာကွယ်နိုင်မည်ဟု ဆရာဝန်များက မျှော်လင့်နေကြသည်။ ဗြိတိန်တွင် နှစ်စဉ် လူ (၇) ဦးမျှ မြေပ ဲဓါတ်မတည့်မှုကြောင့် သေဆုံးနေရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here