တနင်္ဂနွေနေ့ ဟောလီးဝုဒ် ကောဇောနီပေါ် ဘယ်သူတွေ နင်းကြမလဲ?

alt

ကမာ္ဘ တဝှမ်းလုံးမှ ပရိသတ်များ တနှစ် တခါ အာရုံ ထားကြရတဲ့ ၈၁ကြိမ်မြောက် အော်စကာဆု ပေးပွဲကို ဖေဖေါ်ဝါရီလ ၂၂ရက် တနင်္ဂနွေနေ့ အမေရိကန်နိုင်ငံ လော့(စ်) အိန်ဂျလိ(စ်)မြို့

ဟောလီးဝုဒ် ရိပ်သာလမ်းနဲ့ ဟိုက်လန်း ရိပ်သာ လမ်းမကြားမှာ ရှိတဲ့ ကိုဒတ်ခမ်းမ မှာ အမေရိကား အရှေ့ဖျား စံတော်ချိန် ညနေ ၈နာရီ၊ အနောက်ဖက်အခြမ်း စံတော်ချိန် ညနေ ၅နာရီ ကျင်းပမှာ ဖြစ်ပါတယ်။

ယခုနှစ်မှာ ထူးခြားမှု များကတော့ အော်စကာဆု စာရင်းမှာ ထိပ်ဆုံးက ပြေးနေတဲ့ မင်းသား၊ မင်းသမီး လင်မယား ၂ယောက်နှင့် ထူးထူးခြားခြား ဘောလီးဝုဒ်မြေ အိန္ဒိယ နိုင်ငံတွင် မွန်ဘိုင်း၌ ရိုက်ကူးသော Slumdog Millionaire သည် ဗြိတိသျှ ကိုလံဘီယာ ကုမ္မဏီမှ ရိုက်ကူးသော ဗြိတိသျှ ရုပ်ရှင် ဇာတ်ကားဖြစ်သည်။

ဟောလီးဝုဒ် စတား ဘရက်ပစ်မှာ “The Curious Case of Benjamin Button,” နှင့် တစ်ပြေးနေပြီး ဇနီးဖြစ်သူ အိန်ဂျလီနာ ဂျိုလီမှာ ဒါရိုက်တာ ကလင့်(စ်) အိ(စ်)ဝုဒ် ရိုက်ကူးသော “Changeling,” ဇါတ်ကားနှင့် ထိပ်မှပြေနေသည်ကို တွေ့ရှိရသည်။ ဂျပန်နိုင်ငံသို့ ဇနီးသည် သား၊သမီး ၆ယောက်နှင့် အတူ ရုပ်ရှင်ဇါတ်ကား အရောင်းမြှင့်တင်ရေး အခမ်းအနားသို့ ရောက်ရှိနေသော ဘရက်ပစ်မှ ရိုက်တာ သတင်းဋ္ဌာနသို့ ” ပရိတ်သတ်တွေ ထင်တဲ့အတိုင်း ဖြစ်လာရင် အကောင်းဆုံးပဲ ” ဟု ထပ်မံ ဖြေကြားလိုက်သည်။

မင်းသား ဆုများအား ဘရက်ပစ်မှ The Curious Case of Benjamin Button ဇါတ်ကား၊ ရှောင်ပိန်း (မက်ဒေါနာ ခင်ပွန်းဟောင်း) မှ Milk ဇါတ်ကား၊ ဖရန့် လင်ဂယ်လာမှ Frost/ Nixon ဇါတ်ကား၊ ရစ်ချတ် ဂျာဂင်မှ The Visitor ဇါတ်ကား၊ မစ်ကီ ရောင်းလ်ကီးမှ The Wrestler တို့ ဖြစ်သည်။

မင်းသမီး ဆုစာရင်းတွင် အိန်ဂျလီနာ ဂျိုလီမှ Changeling ဇါတ်ကား၊ ကိတ်ဝင်း ဆလက်မှ The Reader ဇါတ်ကား၊ မင်းသမီးကြီး မယ်ရီရယ်လ် စထရိမှ Doubt ဇါတ်ကား၊ အန်း ဟောသဝေးလ်မှ Rachel getting married ဇါတ်ကား၊ မလိဆာ လီယိုမှ Frozen River ဇါတ်ကားများဖြင့် ထိပ်မှ ပြေးနေပြီး ကာတွန်းကားများတွင် Kung Fu Panda နှင့် Wall – E တို့ ပါဝင်လျှက်ရှိသည်။

ရွှေကမာ္ဘလုံးဆု ၄ဆု၊ ဗြိတိသျှရုပ်ရှင် အကယ်ဒမီဆု ပေးပွဲတွင်လည်း အကောင်းဆုံး ဇာတ်ကားဆု အပါအဝင် ဆု ရ ဆု ရရှိခဲ့သော အိန္ဒိယ အိမ်ခြေယာမဲ့ လူမွဲလေးများ အကြောင်း ဖြစ်သည့် Slumdog Millionaire ဇါတ်ကားမှာ ဒါရိုက်တာဆု၊ ဇါတ်ကားဆု၊ ဖလင် တည်းဖြတ်ဆု၊ တေးဂီတ ဆု၊ အသံ ဆု၊ ဓါတ်ပုံဆု၊ အသံ တည်းဖြတ်ဆု၊ အသံဖမ်း ဆု၊ ဇါတ်ညွှန်း ဆုတို့ ဖြင့် ထူးခြားစွာ ၉နေရာ ထိပ်မှ တစ် ပြေးလျှက်သည်ကို တွေ့ရှိရပြီး တနင်္ဂနွေနေ့ ဟောလီးဝုဒ်မြေမှ ကောဇောနီအား မည်သူတွေ နင်းကြမည်လဲ ကမာ္ဘတဝှမ်းမှ သန်းနှင့်ချီသော ရုပ်ရှင်ကြည့် ပရိတ်သတ်များ ရှုစားကြရမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here