Google Ocean အသုံးပြု၍ အတ္တလန္တိတ် မြို့တော်ဟောင်း တွေ့ရှိဟုဆို

alt

Google Ocean ထွက်ပေါ်လာပြီး မကြာမီမှာပင် ၎င်းကို အသုံးပြု ရှာဖွေမှုများ ပြုလုပ်ခဲ့ ပြီးနောက် နာမည်ကျော် အတ္တလန္တိတ် မြို့တော်ဟောင်းကြီးဟု

ယူဆရ နိုင်သော နေရာ တခုကို တွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

ထိုမြို့တော်ကြီးမှာ ရာစု နှစ်ပေါင်းများစွာ အငြင်းပွားကာ ဒဏ္ဍာရီ အဖြစ်  အစဉ်အဆက် ယူမှတ်ခဲ့ကြကာ မြို့တော် ဟောင်းကြီးသည် လူ့သမိုင်းတွင် သိပ္ပံပညာနှင့် ယဉ်ကျေးမှု အဆင့်အတန်း အမြင့်မားဆုံးသို့ ရောက်ရှိ နေချိန်ကျမှ ပျက်စီး သွားခဲ့ခြင်းဟု ပညာရှင်များက ယူဆထား ခဲ့ကြသည်။

ယခုအခါ ပင်လယ်အောက်တွင် နစ်မြုပ်နေသည့် အတ္တလန္တိတ် မြို့တော်ဟောင်းဟု ယုံကြည် ရလောက်သည့် နေရာတခုကို Google Earth ကျေးဇူးဖြင့် အမှတ်မထင် ရှာဖွေ တွေ့ရှိလာကြသည်။

ထိုနေရာသည် အာဖရိကတိုက်ရှိ မော်ရိုကိုနိုင်ငံ ကမ်းလွန် ပင်လယ်တွင် တည်ရှိနေပြီး ကန်နရီကျွန်း နှင့်လည်း နီးကြောင်း သိရှိရသည်။ အတ္တလန္တိတ် မြို့တော်ဟောင်းသည် ပင်လယ်အောက်တွင် နစ်မြုပ် ပျောက်ကွယ်သွားကြောင်း အစဉ်အဆက် ယုံကြည် ခဲ့ကြသလို မြို့တော်ဟောင်း တည်ရှိနေနိုင်သည်ဟု ယုံကြည် သတ်မှတ်ကြသည့် နေရာများမှာလည်း ကမာ္ဘ့နေရာ အသီးသီးတွင် ကွဲပြား နေကြသည့်တိုင် Google Ocean မှ ရှာဖွေ ထောက်လှမ်းနိုင်ခဲ့သည့် ပုံရိပ်သည် အတ္တလန္တိတ်မြို့ဟောင်း ရှာဖွေ နေသူများ အတွက် မျှော်လင့်ချက် အသစ်တခု ဖြစ်လာခဲ့ရကြောင်း သတင်းများက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here