အော်စကာဆု “တစ်” ပြေးနေသည့် ဟိသ် လက်ဂျာ အတွက် ဖခင်ဖြစ်သူ၏ ခံစားမှု

alt

မင်းသား ဟိသ် လက်ဂျာ ၏ ဖခင်က ၎င်း၏ သားသာ အော်စကာဆုကို ရရှိမည် ဆိုလျှင် နာကျင်စရာ ကောင်းသော ချိုမြိန်မှုကို ခံစားရမည် ထင်ကြောင်း။

၂၀၀၉ခုနှစ် အော်စကာ ဆုပေးပွဲ အကြိုနေ့တွင် မီဒီယာများသို့ ထုတ်ဖေါ် ပြောကြား လိုက်သည်။

ဟိသ် လက်ဂျာသည် (၂၀၀၈) ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့က မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမိသဖြင့် ကွယ်လွန် ခဲ့ရသည်။ ၎င်းသည် Bat Man – The Dark Knight ဇါတ်ကားတွင် လူဆိုးကြီး ဂျိုကာ အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင် နိုင်ခဲ့သောကြောင့် ယခုနှစ် ရွှေကမာ္ဘလုံးဆု ကိုလည်း ရရှိထားပြီး အော်စကာဆု ပေးပွဲတွင် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိမည် ဟုလည်း “တစ်” ပြေးနေသည်။

ဟိသ် လက်ဂျာ၏ ဖခင် ကင် လက်ဂျာ က သားဖြစ်သူ၏ အောင်မြင်မှုများ အတွက် ကျေနပ်မိသော်လည်း ကာယကံရှင် ကိုယ်တိုင် သိရှိခွင့် မရတော့ သဖြင့် ကြေကွဲမိကြောင်း ပြောကြားခဲ့သည်။

အော်စကာ ဆုပေးပွဲကို ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ညနေတွင် ဟောလီးဝုဒ် ကိုဒတ်ခမ်းမတွင် ကျင်းပ သွားမည်ဖြစ်ပြီး အိန္ဒိယ သရုပ်ဆောင်များသာ အသုံးပြု ထားသော Slumdog Millionaire ဇါတ်ကား၊ မင်းသမီး ကိတ်ဝင်း ဆလက်၊ ပင်နီလုတ် ခရုစ် နှင့် ဟိသ် လက်ဂျာ တို့သည် ဆုရရှိရန် ရေပန်းစားလျှက် ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here