အော်ရီဂန်က စည်ကား သိုက်မြိုက်တဲ့ ၆၁ နှစ်မြောက် ချင်းအမျိုးသားနေ့

alt

၆၁နှစ်မြောက် ချင်း အမျိုးသားနေ့ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၂၀ရက်နေ့ ညနေ ရနာရီမှ ည ၁၀ နာရီအထိ အမေရိကန်နိုင်ငံ အော်ရီဂန်ပြည်နယ်၊ ပို့တ်လန်းမြို့ရှိ အမှတ် ၉၂၀၀ ဖရီးမောင့်လမ်း အရှေ့ မြောက်မြို့နယ်

အိုက်ဗီး ခမ်းမတွင်  ချင်း အမျိုးသား သိက္ခါတော်ရ ဆရာတော် ဦးကင်းမန်ဇန် နှင့် အော်ရီဂန်ရောက် ချင်း အမျိုးသား လူငယ်များ ဦးဆောင် ကျင်းပ ခဲ့ကြသည်။

အခမ်းအနားကို စလျှင် စတင်ခြင်း လူငယ်များ ဖျော်ဖြေတင်ဆက်မှု အစီစဉ်နှင့် စတင်ကာ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ ချင်း အမျိုးသားများနှင့် မြန်မာနိုင်ငံ သမိုင်း၊ ကိုလိုနီခေတ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူခြင်း နှင့် ချင်းအမျိုးသားများ နှီးနွယ်ပုံ တို့ကို “ကိုအပေါင် ” မှ ရှင်းလင်း ပြောကြားကာ၊ မြန်မာနိုင်ငံ အရေး လှုပ်ရှား ကျွမ်းကျင်သူ ဋ္ဌာနေ အမေရိကန် ” စာရေးဆရာမ အီးဒစ် တီ မရန်းတီ ” မှ မြန်မာ့နိုင်ငံရေး နှင့် အမေရိကန်နိုင်ငံ အကြောင်း သိကောင်းစရာများ ပြောကြားပြီး သင်းအုပ်ဆရာတော် ဦးကင်းမန်ဇန်မှ ကျေးဇူး တင်ထိုက်သော သူများ၊ ဂုဏ်ပြုထိုက် သူများအား အသိမှတ်ပြု ပြောကြား လက်ဆောင်မွန်များ ပေးအပ်ခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းအား ကြွရောက်လာသော ဧည့်သည်တော်များ၊ ဖိတ်ကြားထားသော NGO အသီးသီးမှ ပုဂ္ဂိုလ်များအား ချင်းရိုးရာ ပြောင်းဖူး ဆန်ပြုတ် (ဇဘွတ်သီး)၊ အသားဟင်းများ၊ အဖျော်ယမကာများ နှင့် စုံလင်စွာ တည်ခင်း ဧည့်ခံချိန်တွင် ချင်းအမျိုးသား လူငယ်များမှ ခေတ်ပေါ် နှင့် ရိုးရာ တေးဂီတများ၊ အက ပဒေသာများနှင့် ကပြသီဆို ဖျော်ဖြေသွားကြကာ အခမ်းအနားအား အော်ရီဂန်ပြည်နယ်၊ ပို့တ်လန်းမြို့ရောက် မြန်မာမိသားစုများ ၊ ရာဂဏန်းမျှသော ချင်းအမျိုးသားများ၊ အမေရိကန် နိုင်ငံသားများ၊ NGO အဖွဲ့အစည်းများ လူ ၃၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအား ဦးဆောင် ကျင်းပသူများထဲတွင် တဦးပါဝင်သော ၈၈မျိုးဆက် ချင်း ကျောင်းသား ” ကိုပေါလ်မန် ” အား လူထုအသံမှ ချင်း အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို မေးမြန်းရာတွင် ကိုပေါလ်မန်မှ

ကိုလိုနီနယ်ချဲ့ ဗြိတိသျှ အင်္ဂလိပ်တွေက မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါနီးကာလမှာ ချင်းတောင်တန်းဒေသ ချင်းဝိဒေသတိုင်းကို ကိုလိုနီလက်ကျန် စော်ဘွားစနစ်နဲ့ပဲ ထားခဲ့ချင်တယ်၊ ဒါနဲ့ အဲဒီခေတ်က တိုးတက်တဲ့ အမြင်ရှိတဲ့ ချင်းအမျိုးသားတွေ ဦးဆောင်မှုနဲ့ ချင်းပြည်သူတွေက ၁၉၅၁ ခုနှစ်မှာ မင်းတပ်က ဦးဗန်တူးမောင်တို့ ဦးထောင်ဇာခုပ်တို့၊ ဖလမ်းက ဦးလျှံမှုန်းတို့ စသဖြင့် ဦးဆောင်ပြီး ပဒေသရာဇ် စနစ်လက်ကျန်ကို အမြစ်ပြတ်ရှင်းလိုက်ရာ ဖေဖေါ်ဝါရီလ ၂၀ရက်နေ့ဟာ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာရ တာပါပဲ၊ ဒါတောင် ၁၉၇၀ – ၈၀ ဝန်းကျင် မ.ဆ.လ တပါတီ အာဏာရှင် ဦးနေဝင်းလက်အောက်မှာ ချင်းအမျိုးသားနေ့လို့ မကျင်းပဖို့ ချင်းပြည်နယ်နေ့ သာပြောင်းလဲ ကျင်းပဖို့ ဝိဝါဒ ကွဲပြားအောင်လုပ်ခဲ့ သေးတယ် ”  ဒါနဲ့ အခုဆို ကျနော်တို့ အမျိုးသားနေ့ ၆၁ နှစ်မြောက်ခဲ့ ပါပြီ…..

ဟု လူထုအသံ အား ဖြေဆို သွားပါသည်။

ဇာမဏီရိုင်း ( လူထုအသံ)

LEAVE A REPLY

Please enter your comment!
Please enter your name here