မန်ယူတွင် ဆက်လက် ကစားလိုဟု ကားလို့စ် တီဗက် ပြောကြား

alt

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ကားလို့စ် တီဗက်က ၎င်းသည် မန်ယူအသင်းတွင် ဆက်နေ၍ ကစားလိုကြောင်း ပြောကြားလိုက်သည်။

အဆိုပါ အာဂျင်တီးနား လက်ရွေးစင်သည် မန်ချက်စတာသို့ ၂နှစ် အငှားစာချုပ်ဖြင့် လာရောက် ကစားနေပြီး အသင်းနှင့် အမြဲတမ်း စာချုပ်ပါက ပေါင်စတာလင် (၃၂)သန်း ပေးရမည်ဟု မန်ချက်စတာ အသင်းက သဘောတူ ထားသည်။

သို့သော်လည်း အသင်းသို့ ဘူဂေးရီးယား ရှေ့တန်းလူ ဘာဘာတော့ ရောက်ရှိ လာပြီးနောက် တီဗက်၏ အနေအထားသည် မရေရာမှုများ ကြံုလာခဲ့ရပြီး အသင်းကလည်း ၎င်းအား အမြဲတမ်း စာချုပ်ဖြင့် ခေါ်ယူရန်အား သွေးအေး လာခဲ့သည်။

ယခုအခါ တီဗက်အား အပြီးသတ် စာချုပ်မည်ဟု မူလက သဘောတူထားသည့် နေ့စွဲကို ကျော်လွန် သွားပြီဖြစ်ရာ တီဗက်၏ မန်ချက်စတာ အနာဂါတ်မှာ ပိုမို မှုန်ဝါးလာခဲ့သည်။ ထို အခြေအနေများ အတွင်း စပိန်အမှတ်ပေး ချန်ပီယံ ရီးယယ်လ် မက်ဒရစ် ကလည်း တီဗက်ကို ကမ်းလှမ်း လာခဲ့ရာ တီဗက် ကိုယ်တိုင်ကမူ မန်ချက်စတာ အတွက်သာ ကစားပေးချင်ကြောင်း ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here