တိုင်းဂါးဝုဒ် ဂေါက်သီး ပြန်ရိုက်တော့မည်

alt

ဒါဏ်ရာကြောင့် ကာလ ကြာမြင့်စွာ အနားယူ နေရသူ ကမာ္ဘ့ဂေါက်သီးရိုက် အကျော်အမော် တိုင်းဂါး ၀ုဒ်သည် အားကစား လောကသို့ ပြန်လည် ၀င်ရောက် လာတော့မည်ဟု ကြေငြာ လိုက်သည်။

 အမေရိကန် အိုးပင်း ဂေါက်သီး ရိုက်ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် (၈)လ လုံးလုံး အနားယူ နေခဲ့ရသူ ၀ုဒ်က ၎င်းသည် တကျော့ပြန် အောင်မြင်မှုများ ရယူရန် အဆင်သင့် ဖြစ်နေပြီဟု ဆိုသည်။

ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် အာရီဇိုးနီးယား ပြည်နယ် အတွင်း ပြုလုပ် ကျင်းပမည့် Tucson ပြိုင်ပွဲတွင် စတင် ပါ၀င်ပြီး ၎င်း၏ (၆၅)ပွဲ ချန်ပီယံဆု ရယူဖူးသည့် စံချိန်ကို ပိုမို ကောင်းမွန်လာအောင် ကြိုးစားမည်ဟု ၀ုဒ်က ပြောကြားခဲ့သည်။

တိုင်းဂါးဝုဒ်၏ ကြံ့ခိုင်ရေးမှူး ကလည်း ၎င်း၏ ကစားသမားသည် ပြိုင်ပွဲများ ပြန်လည် ယှဉ်ပြိုင်ရန် အဆင်သင့် ရှိနေပြီဟု အတည်ပြုခဲ့သည်။ ၀ုဒ်သည် ဒူးခေါင်း ဒါဏ်ရာကြောင့် ပြိုင်ပွဲများ နှင့် (၂၅၃) ရက် ဝေးကွာ ခဲ့ရကြောင်း သတင်း ရရှိသည်။ တိုင်းဂါးဝုဒ်၏ ဇနီးသည် ဖေဖေါ်ဝါရီလ ၈ ရက်နေ့က သားဖြစ်သူ ချာလီ ဝုဒ် မွေးဖွားခဲ့ပြီး၊ သမီးဖြစ်သူ ဆန်အလက်စစ်တို့ နှင့်အတူ .ယခု ဖရော်ရီဒါရှိ အော်လန်ဒိုးတွင် နေထိုင်လျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here