ဆာဘီးယား ကောင်းကင်ယံတွင် ဂြိုလ်တု နှစ်စင်း တိုက်မိခဲ့

alt

ဆာဘီးယားနိုင်ငံ မြေမျက်နှာပြင် အထက် မိုင် (၅၀၀) အကွာတွင် ကမာ္ဘမြေမှ ဂြိုဟ်တုနှစ်စင်း အချင်းချင်း တိုက်မိခဲ့ကြောင်း နာဆာမှ ထုတ်ဖေါ် ပြောကြား လိုက်သည်။

 ဖေဖော်ဝါရီလ (၁၀) ရက်နေ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ ပြီးနောက် အမေရိကန် ဆက်သွယ်ရေး ဂြိုဟ်တုရော၊ ရုရှား စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုပါ အစိတ်စိတ် အမြွှာမြွှာ ပျက်စီး သွားခဲ့ကြောင်း သိရသည်။

တစ်နာရီ မိုင် (၁၅၀၀၀) မျှ အရှိန်ဖြင့် တိုက်မိခဲ့သည့် ဂြိုဟ်တုများသည် သမိုင်း တလျှောက် အာကာသ အတွင်း ပထမဆုံး တိုက်မိသည့် ဂြိုဟ်တုများ အဖြစ် မှတ်တမ်းဝင် ခဲ့ကြသည်။

ဂြိုဟ်တုချင်း တိုက်မိ ခဲ့ပြီးနောက် အာကာသ တိမ်ထု တခုကို ဖြစ်ထွန်းစေခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းနှင့် အခြားသော ဂြိုဟ်တုများကို အနှောင့်အယှက် ဖြစ်လာနိုင်မည်ဟု နာဆာက စိုးရိမ် ခဲ့သေးသော်လည်း တစုံတရာ ပြဿနာ ထူးခြားစွာ မကြံုတွေ့ ခဲ့ရပေ။

ကမာ္ဘပတ် လမ်းကြောင်း အတွင်း ရွေ့လျား သွားလာနေသော ဂြိုဟ်တုများ အတွက် ယခုဖြစ်ရပ်မှာ သတိပေးချက် တခု သင်ခန်းစာ ယူနိုင်ရန် အတွေ့ အကြံု တခုအဖြစ် သတ်မှတ်ရမည့် အခြေအနေပင် ဖြစ်ကြောင်း နာဆာ အမေရိကန် အာကာသ အေဂျင်စီမှ  သတင်း ထုတ်ပြန် ကြေငြာလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here