မနက်ဖြန် မြန်မာ တနိုင်ငံလုံးရှိ အကျဉ်းသား ၆၃၁၃ ယောက် လွှတ်မည်

alt

မြန်မာ စစ်အစိုးရပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ ယနေ့ သောကြာနေ့ ညပိုင်း အစီစဉ် များတွင် အကြောင်းပြချက် တစုံတရာ မပြုပဲ လွတ်ငြိမ်း ချမ်းသာခွင့် အစီစဉ် များဖြင့် တနိုင်ငံလုံးရှိ အကျဉ်းသား ခြောက်ထောင်ကျော် လွှတ်ပေးမည် ကြေညာ သော်လည်း နိုင်ငံရေး အကျဉ်သားများ မည်၍ မည်မျှ ပါဝင်၊ မပါဝင်ကို သေခြာ ဂဃနဏ ရှင်းလင်းစွာ ပြောဆိုခြင်း မပြုချေ။

 စစ်အစိုးရပိုင် မီဒီယာများ၏ ပြောကြားချက်အရ လာမည့် ၂၀၁၀ ခုနှစ် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲအား ကောင်းမွန်စွာ ပူးပေါင်း ပါဝင်မည် ဖြစ်သော အမှု အမျိုးအမည် ပေါင်းစုံ အကျဉ်းသား ၆၃၁၃ ယောက်အား မနက်ဖြန် စနေနေ့မှ စတင်ကာ လွှတ်ပေးသွားမည် ဖြစ်ကြောင်း ကြေညာ လိုက်သည်။

ယမန်နှစ် စက်တင်ဘာလက တနိုင်ငံလုံးရှိ အကျဉ်းသားပေါင်း ၉၀၀၂ ဦး လွှတ်ပေး ခဲ့သော်လည်း ဒါဇင် မျှသာရှိသော နိုင်ငံရေး အကျဉ်းသားများသာ ပါဝင် လွတ်မြောက်ခဲ့သည်၊ မကြာသေးမည် လများကလဲ ရာနှင့်ချီသော နိုင်ငံရေး လှုပ်ရှားသူများအား ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အချိန်ကျော်အောင် အထိ အချိန်ဆွဲသော ထောင်သက်တမ်း များဖြင့် သတ်မှတ်ချလေ့ ရှိသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက ထောက်ပြ ပြောဆိုလျှက် ရှိသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ကျော်အား ထိမ်းသိမ်းထား သဖြင့် လွန်ခဲ့သော လက ကုလသမဂ္ဂမှ အထူးသံတမန် မစ္စတာ ဂမ်ဘာရီ စေလွှတ်ခဲ့သော်လည်း၊ မြန်မာ စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံခဲသော မစ္စဂမ်ဘာရီမှာ နယူးယောက် သို့ ပြန်ရောက်သော အခါ သတင်းစာ ရှင်းလင်းပွဲ၌ “ ကျနော့် အနေနှင့် နိုင်ငံရေး အကျဉ်းသားများ၊ အခြားသော အကျဉ်းသားများ စစ်အစိုးရမှ ပြန်လွှတ်ပေး မည်ဟု ယုံကြည်ပါတယ် ” သာပြောဆို သွားခဲ့သည်။

ဂမ်ဘာရီ၏ တုန့်ပြန်မှုအား အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး မီရှဲလ် မွန်းတတ်(စ်) အား အေပီ သတင်းဋ္ဌာနမှ မေးမြန်းသောအခါ “ ပြန်လွှတ်ရာမှာ နိုင်ငံရေး အကျဉ်းသားများ ပါ၊ မပါ ရှင်းရှင်းလင်းလင်း မသိရသေး သော်လည်း၊ ဆက်လက် ညှိုနှိုင်း ဆောင်ရွက်နေဆဲ ” ဟုသာ ပြန်လည် ဖြေကြားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here