ကလေးများ အတွက် Blackberry မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရောင်းချ

alt

ကလေးငယ်များ မိုဘိုင်းလ်ဖုန်း အသုံးပြုသင့်၊ မပြုသင့် နှင့် စပ်လျဉ်းပြီး ပညာရှင်များ အကြား အငြင်းပွားမှုများ ရှိနေသော်လည်း Blackberry ကမူ ကလေးများ  အတွက် ရည်စူးပြီး မိုဘိုင်းလ်ဖုန်း ထုတ်လုပ် ရောင်းချခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 (၃)နှစ် အရွယ်မှစပြီး ကလေးများ အနေနှင့် ဖုန်းခလုတ်များ၊ ကွန်ပျူတာ Keyboard ခလုတ်များ နှိပ်တတ်ပြီး ရင်းနှီးကျွမ်းဝင်မှု ရရှိ ထားစေရန် ယခု ပေါင်စတာလင် (၁၉.၉၉) တန် Leap Frog ဖုန်းကလေးအား ထုတ်လုပ် လိုက်ခြင်းဟု ဘလက်ခ်ဘယ်ရီ ကုမ္မဏီမှ ဆိုသည်။

Blackberry ဖုန်းများကဲ့သို့ LCD မျက်နှာပြင် တခုနှင့် Keyboard များ ပါ၀င်သော ကလေးများသည် အင်တာနက် ချိတ်ဆက်သည်ဟု ယူဆရစေရန် ခွေးရုပ်ကလေးများ၊ အခြား ကာတွန်းလေးများကို Browser မှတဆင့် ခေါ်ယူ နိုင်သော်လည်း အမှန်တကယ် Online နှင့် ချိတ်ဆက်မိမည် မဟုတ်ကြောင်းလည်း Blackberry က ကြိုတင် ကြေငြာသည်။

ယခု ဖုန်းများသည် ကလေးများ၏ ပညာရေး တိုးတက်မှု အတွက် အဓိကထား ရည်ရွယ်ထားသည့် သင်ကြားရေး အထောက်အကူပြု ကိရိယာ တမျိုးသာ ဖြစ်ပါကြောင်း Blackberry မှ တာဝန်ရှိသူများက ဆိုသည်။

ယခု ဖုန်းကလေးများအား ကလေးငယ်များ၏ မိဘများ ကိုယ်တိုင်ကလည်း သဘောကျနေပြီး Blackberry အနေနှင့် နောက်ထပ် ကလေးသုံး မိုဘိုင်းလ်ဖုန်း Version အသစ်များ ဆက်လက် ထုတ်လုပ်သွားမည်ဟု ဆိုပြန်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here