ရေခဲခေတ် ရုပ်ကြွင်းများ လော့စ်အိန်ဂျလိ(စ်)တွင် တွေ့ရှိ

alt

အမေရိကန်နိုင်ငံ လော့စ် အိန်ဂျလိစ် မြို့တော် ယာဉ်ရပ်နား စခန်း တခုတွင် ရှေးဟောင်း ရေခဲခေတ်မှ သက်ရှိများ၏ ရုပ်ကြွင်းများကို ရှာဖွေတွေ့ ရှိခဲ့သည် ဟု အေပီ သတင်းဋ္ဌာနမှ အလက်စီယာ ချမ်းမှ ထုတ်ဖေါ် ပြောဆိုလိုက်သည်။

ရှေးခေတ် အမွေးရှည် ဆင်ကြီးများ၊ အစွယ်ရှည်နှင့် ကြောင်အကြီးစားများ၊ အမေရိကန် ခြင်္သေ့များ အပါအဝင် နို့တိုက် သတ္တဝါ မျိုးစိတ် (၁၆)ခု တို့၏ ရုပ်ကြွင်းများကို တစု တစည်းတည်း တွေ့ရှိ ခဲ့ရခြင်းသည် သမိုင်း တလျှောက်တွင် အများပြားဆုံး အစုလိုက် အပြံုလိုက် တွေ့ရှိမှုအဖြစ် မှတ်တမ်းဝင် ခဲ့ရပြီ ဖြစ်သည်။

Old Navy Company ၏ ယာဉ်ရပ်နား စခန်း အောက်ဘက်ထဲတွင် တွေ့ရှိခဲ့သည့် ရုပ်ကြွင်းများ အနက် (၁၀)ပေမျှ ရှည်လျားသော ဆင်စွယ်ကြီးများပင် ပါ၀င်နေကြောင်း သုတေသီများက ဆိုသည်။ လော့စ်အိန်ဂျလိစ်မြို့သည် ယခင်က ရေခဲများ ဖုံးလွှမ်းနေပြီး ရေခဲခေတ်ရှိ သက်ရှိပေါင်းများစွာ မှီခိုကျက်စားခဲ့သည့် ဒေသတခုဖြစ်သည်ဟု အလီဆာ ဝေါလ်မှ ဆိုသည်။

ယခုတွေ့ရှိသော ယာဉ်ရပ်နား စခန်းသည် တချိန်က ကတ္တရာ အိုင်ကြီးတခု ဖြစ်ခဲ့ဖွယ်ရှိပြီး ထိုအိုင် အတွင်း နစ်မြုပ်သေဆုံးသည့် တိရစ္ဆာန်များ၏ ရုပ်ကြွင်းများ တစု တဝေးတည်း ကြွင်းကျန်နေခြင်း ဖြစ်ဖွယ် ရှိကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here