ပန်းသီးစား ကင်ဆာ မဖြစ်နိုင်

alt

တနေ့လျှင် ပန်းသီးတလုံး ပုံမှန် စားသုံး ပေးခြင်းဖြင့် ရင်သား ကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျ သွားစေ နိုင်ကြောင်း ကော်နဲလ် တက္ကသိုလ် သုတေသီ ပညာရှင်များက ပြောကြား လိုက်သည်။

 သေစေ နိုင်လောက်သော ရင်သား ကင်ဆာ အဆင့်ထိ ရောက်ရှိ လာစေတတ်သည့် အဓိက အကြောင်း အရင်း တခုဖြစ်သော Adenocarcinoma အမည်ရှိ အကြိတ်များ ဖြစ်ပေါ် လာနိုင်စေမှုကို ပန်းသီး အတွင်း ပါ၀င် ဖွဲ့စည်းထားသည့် သဘာဝ စွမ်းအားများက တားဆီး ပေးကြောင်း ကော်နဲလ် တက္ကသိုလ်မှ ဒေါက်တာ ရိုင်ဟေလျူက ပြောကြားလိုက်သည်။

ဆေးရုံတွင် ရင်သားကင်ဆာ ဝေဒနာရှင်များကို ပန်းသီးတလုံးစီ နေ့စဉ် စားသုံးရန် ပေးထားပြီး (၆)ရက် အကြာတွင် ပြန်လည် စစ်ဆေးမှု ပြုလုပ်ကြည့်ရာ ပန်းသီးပုံမှန် မစားထား သူများသည် ပန်းသီးတလုံးစီ နေ့စဉ် ပုံမှန် စားထားသူများထက် ကင်ဆာအကြိတ် ဖြစ်ပေါ်နိုင်မှု (၈၁) ရာခိုင်နှုန်း အထိ တိုးပွားနေကြောင်း တွေ့ရှိခဲ့ရသည်။

ပန်းသီးသည် ရင်သား ကင်ဆာ ဖြစ်စေနိုင်သည့် အကြိတ်များ ဖြစ်ပေါ်လာမှုကို တိုက်ဖျက်ပေးကြောင်း တွေ့ရှိချက်အား အမေရိကန် ထုတ် အစား အသောက်ဆိုင်ရာ ဓာတုဗေဒ ဂျာနယ်တစောင်တွင် ထည့်သွင်း ဖော်ပြခဲ့ပြီး အဆိုပါ ဂျာနယ်တွင် အမျိုးသမီးများ အနေနှင့် တနေ့ ပန်းသီး တလုံးစီမျှ ပုံမှန်စားသောက်သည့် အလေ့အကျင့်ကို စွဲစွဲမြဲမြဲ ပြုလုပ်သင့်ကြောင်း တိုက်တွန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here