အမေရိကန်နှင့် တရုတ် စစ်ရေး ပြန်လည်ပူးပေါင်းမှု စတင်တော့မည်ဟု ဆို

alt

နှစ်ပေါင်းများစွာ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ ဆိုင်းငံ့ ထားသည့် အမေရိကန် နှင့် တရုတ်နိုင်ငံ တို့သည် ယခုအခါ စစ်ရေးပြန်လည် ပူးပေါင်း ဆောင်ရွက်မှု  စတင်တော့မည်ဟု တရုတ်နိုင်ငံက ကြေငြာ လိုက်သည်။

 ပြီးခဲ့သော ဘုရှ် အစိုးရ လက်ထက်က ထိုင်ဝမ်သို့ အမေရိကန် ဒေါ်လာ (၆.၅) ဘီလျံဖိုး ဒုံးကျည်နှင့် လေယာဉ်ပစ် လက်နက်များ ရောင်းချခဲ့မှုအား တရုတ်ပြည်က ကန့်ကွက်ခဲ့ပြီး နောက် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှု ရပ်ဆိုင်းနေခဲ့ရာမှ အိုဘားမား လက်ထက်တွင်မူ အခြေအနေကို ပြန်လည် ပြောင်းလဲရန် အသင့်ရှိနေပြီဟု တရုတ်နိုင်ငံက ကြေငြာခဲ့သည်။

China Daily သတင်းစာက အမေရိကန်မှ ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံသို့  ဖေဖော်ဝါရီလ (၂၇) နှင့် (၂၈) ရက် များတွင် ဘေဂျင်း၌ ကာကွယ်ရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးမှုများ  လာရောက် ပြုလုပ်သွားမည်ဟု ရေးသား ဖော်ပြခဲ့သည်။

ကမာ္ဘ့ထိပ်သီး စစ်အင်အားကြီး နှစ်နိုင်ငံ၏ ဆွေးနွေးမှု အတွင်း ထိုင်ဝမ်အရေး အပြင် အကြမ်းဖက်မှု နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်မှုများကိုပါ ထည့်သွင်း တိုင်ပင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here