Facebook သုံးစွဲ သူတို့၏ မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများ ဖြေရှင်း ရဖွယ်ရှိနေ

alt

Facebook သည် အသုံးပြုသူ ထောင်ပေါင်း များစွာတို့၏ စောဒက တက်မှုကြောင့် Privacy နှင့် မူပိုင်ခွင့် ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ယခုအခါ ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်သည်။

 အဆိုပါ Social Networking ၀ဘ်ဆိုဒ်သည် အောင်မြင်မှု အရှိန်အဟုန် လျင်မြန်စွာ ကြီးထွား လာပြီးနောက် အသုံးပြုသူ အများအပြားက ၎င်းတို့၏ အချက်အလက် အမှန်များကို Facebook တွင် ထည့်သွင်း ဖော်ပြခဲ့ကြသည်။

သို့သော်လည်း ထို အချက်အလက်များကို မသမာသူ များက အသုံးချ သွားနိုင်ကြောင်း အသုံးပြု သူများက ထောက်ပြခဲ့ပြီး Facebook ၏ စည်းမျဉ်း များသည် Privacy ထိန်းသိမ်းမှု အတွက် လုံလောက်သော အကာအကွယ် မရှိကြောင်း ဝေဖန် ပြစ်တင်ခဲ့ကြသည်။

Facebook အသုံးပြုသူ (၂၅၀၀၀) တို့သည် Facebook ၏ အားနည်းချက်များကို ထောက်ပြကာ ၀ဘ်ဆိုဒ် ထံသို့ ပေးပို့ ခဲ့ကြပြီး နောက်ပိုင်းတွင် Facebook ကလည်း ၎င်း၏ ပရိသတ် (၁၇၅) သန်းကျော်ထံသို့ ၀ဘ်ဆိုဒ်၏ မူဝါဒ အချို့ ပြောင်းလဲသွားကြောင်း ပြန်လည် အသိပေး အကြောင်းကြားစာများ ပေးပို့ခဲ့သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here