အာဖဂန်တွင် စစ်အင်အား တိုးမည့် အိုဘားမား၏ အစီအစဉ် နှင့် မဟာမိတ် နိုင်ငံများ

alt

အမေရိကန် သမတ ဘာရက် အိုဘားမားက အမေရိကန် စစ်သည် (၁၇၀၀၀) ကို အာဖဂန် စစ်မြေပြင်သို့ အင်အားဖြည့် ပို့လွှတ်ရန် အတည်ပြု လိုက်ပြီးနောက် အမေရိကန် ပြည်ထောင်စု၏ အနီးစပ်ဆုံး စစ်ရေး မဟာမိတ် နိုင်ငံ အချို့က အဆိုပါ အခြေအနေကို လက်သင့်ခံရန် ခက်ခဲ နေဆဲဖြစ်ကြောင်း ၀န်ခံ ခဲ့ကြသည်။

အိုဘားမားက အာဖဂန်တွင် အခြားသော နေတိုး အဖွဲ့ဝင် နိုင်ငံများမှ စစ်သည ်ဦးရေကိုလည်း တိုးချဲ့ ဖြည့်တင်းရန် ပန်ကြား ထားသော်လည်း ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ပိုလန်နိုင်ငံတွင် ကျင်းပသော နေတိုး ထိပ်သီး အစည်းအဝေးတွင် ဂျာမနီ၊ တူရကီ၊ ပြင်သစ် နှင့် စပိန်နိုင်ငံများက နောက်ထပ် တပ်ဖွဲ့ဝင်များ ထပ်မံ ပေးပို့ရေး အတွက် အသေးစိတ် ညှိနှိုင်းမှုများ ပြုလုပ် သွားဦးမည်ဟု ပြောကြားခဲ့ကြသည်။

လက်ရှိအချိန်တွင် အီတလီက နောက်ထပ်စစ်သည် (၅၀၀) ထပ်မံ ပေးပို့မည်ဟု ကတိပြုခဲ့ပြီး အမေရိကန်၏ အရင်းနှီးဆုံး မဟာမိတ် ဗြိတိန်နိုင်ငံ ကလည်း စစ်သည်ဦးရေ အမြောက်အမြား ဖြည့်တင်း ပေးပို့သွားမည်ဟု ကတိပြုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here