တနေ့ ကော်ဖီ (၃)ခွက် သောက်သည့် အမျိုးသမီးများ လေဖြတ် နိုင်ခြေ လျော့နည်းမည်

alt

တနေ့လျှင် ကော်ဖီ (၃)ခွက်မျှ သောက်သုံးသည့် အမျိုးသမီး များသည် လေဖြတ်ခံရမည့် အခြေအနေအား (၂၀) ရာခိုင်နှုန်းခန့် လျှော့ချ နိုင်ကြောင်း စပိန်နိုင်ငံ မဒရစ် တက္ကသိုလ် သုတေသီ ဆရာဝန်များက ယမန်နေ့က ပြောကြား လိုက်သည်။

 (၂၄) နှစ်တာ ကာလ အတွင်း အမျိုးသမီး ဦးရေ (၈၃၀၀၀) ၏ ရောဂါ ရာဇဝင် စစ်တမ်းများကို ပြန်လည် လေ့လာ ပြီးနောက် ကော်ဖီသည် ဦးနှောက် အတွင်းရှိ သွေးခဲ စေတတ်သော ဓါတ်သဘာဝကို တွန်းလှန်လေ့ ရှိကြောင်း စပိန်နိုင်ငံ၊ မဒရစ် တက္ကသိုလ်မှ ပညာရှင် များက ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်မှုကို အမျိုးသမီးများ အတွက်သာ သီးသန့် ပြုလုပ်ထား သဖြင့် အမျိုးသားများ အတွက် အကျိုး သက်ရောက်မှုကိ်ု အတိအကျ မပြောနိုင် သေးကြောင်းလည်း ပညာရှင်အဖွဲ့မှ ဒေါက်တာ အက်စ်သာ လိုပက်ဇ် ဂါဆီယာ က ရှင်းလင်း ပြောဆိုခဲ့သည်။

ကော်ဖီတွင် ပါ၀င်သော ကဖိန်းဓါတ်သည် သွေးကြောများ အတွင်း သွေးခဲများ ပိတ်ဆို့နေမှုကို ချေဖျက် ပေးလေ့ရှိပြီး ကော်ဖီသည် အလွန်အကျွံ သောက်သုံးလဲလျှင်မူ ကျန်းမာရေးကို ထိခိုက် စေနိုင်ကြောင်းလည်း ဒေါက်တာ အက်စ်သာ က ထပ်မံ သတိပေး ပြောကြားခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here