မြန်မာ စစ်အစိုးရအား ဂျကာတာရောက် ဟီလာရီ ကလင်တန် ပြစ်တင် ဝေဖန်လိုက်ခြင်း

alt

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က သူမ အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာမြို့သို့ ရောက်ရှိနေစဉ် အတွင်း မြန်မာ စစ်အစိုးရအား ပြစ်တင်  ဝေဖန် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

 သူမသည် ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ဂျာကာတာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး  သူမ အနေနှင့် မြန်မာ ပြည်သူများအား မတရား ဖိနှိပ် အုပ်ချုပ်နေသည့် စစ်အာဏာရှင် စနစ်အား အလွန်စက်ဆုပ်ပြီး မြန်မာ ပြည်သူများကို စစ်အစိုးရ လက်မှ ကယ်ထုတ်နိုင်ရန် အမေရိကန် ပြည်ထောင်စုနှင့် အတူ အင်ဒိုနီးရှား နိုင်ငံ ကပါ ပူးပေါင်း ပါ၀င်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသည် (၁၉၆၂) ခုနှစ် ကတည်းက စစ်အစိုးရ အာဏာရှင်များ လက်အောက်သို့ ကျရောက် နေခဲ့ပြီး လက်ရှိ အချိန်တွင်လည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ် အကျယ်ချုပ် ကျခံ နေရဆဲဖြစ်သည်။ ဟီလာရီက မြန်မာ့အရေး အတွက် အမေရိကန် အစိုးရ အနေနှင့် အာရုံ စိုက်ထားပါကြောင်းလည်း ကတိပြု ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here