ဗြိတိန် Brits ဆုများ သိမ်းကျုံး ရရှိခဲ့သူ Duffy

alt

ဝေလနယ်ဖွား အဆိုတော်မလေး Duffy သည် ဗြိတိန်နိုင်ငံ၏ အအောင်မြင်ဆုံး အဆိုတော်မလေး အဖြစ် ယမန်နေ့ညက သတ်မှတ်ခြင်း ခံခဲ့ရပြီ ဖြစ်သည်။

 ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ညက လန်ဒန် အနောက်ပိုင်းတွင် ကျင်းပ ပြုလုပ်သည့် Brits ဆုပေးပွဲ အခမ်းအနားတွင် သူမသည် ဂီတ ထူးချွန်ဆု (၃) ခုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

သူမသည် ဗြိတိန်၏ အကောင်းဆုံး အယ်လ်ဘမ်ဆု၊ အကောင်းဆုံး အမျိုးသမီး အဆိုတော်ဆု နှင့် ဂီတ ထွန်းတောက်ကြယ်ဆု တို့ကို ရရှိခဲ့ခြင်း ဖြစ်ပြီး၊  အသက် (၂၄) နှစ် အရွယ်ရှိ အဆိုတော် မလေးသည် သူမ၏ ပထမဆုံး အယ်လ်ဘမ် Rockferry နှင့် အတူ ပြီးခဲ့သော နှစ်ကုန်ပိုင်းမှပင် နာမည် ကျော်ကြားလာပြီး ကမာ္ဘတဝှမ်းသို့ တေးသီချင်း စီဒီ Copyချပ်ရေ (၅) သန်း အထိ ရောင်းချခဲ့ရသည်။

ယခု အယ်လ်ဘမ် အတွက် (၅) နှစ်မျှ အချိန် ယူခဲ့ရပြီး ပင်ပန်းခဲ့ ရသမျှနှင့် ထိုက်တန်ခဲ့ပါပြီဟု ဆုတွေပိုက်ကာ စင်မြှင့်ထက် မျက်ရည်များကြားမှ Duffy က ပရိသတ်အား ၀မ်းပမ်းတသာဖြင့် ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here