ရိုဟင်ဂျာ ကိစ္စနှင့် ထိုင်း စစ်ဦးစီးချုပ် မြန်မာနိုင်ငံသို့ သွားရောက်

alt

ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အနူပေါင် ပိုချင်ဒါသည် မြန်မာနိုင်ငံသို့ တရားဝင် အလည်အပတ် ခရီး ရောက်ရှိနေကြောင်း နေပြည်တော်မှ လာသော သတင်းများ အရ သိရှိရသည်။

၎င်းသည် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ဘန်ကောက် လေဆိပ်မှ ထွက်ခွာသွားပြီး မြန်မာနိုင်ငံတွင် နှစ်ရက်ကြာ နေထိုင်မည်ဖြစ်သည်။ အနူပေါင်သည် လတ်တလော ဖြစ်ပွားနေသည့် ရိုဟင်ဂျာ လူမျိုးများ အရေးနှင့် အခြားသော အခြေအနေ အရပ်ရပ်ကို မြန်မာအစိုးရ နှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ထိုင်းအစိ်ုးရက ကြိုတင် ကြေငြာထားသည်။

၎င်းတို့၏ ဆွေးနွေးမှုများ အတွင်း နယ်နိမိတ် သတ်မှတ်မှု နှင့် ရိုဟင်ဂျာတို့ အစု လိုက်အပြံုလိုက် ပြောင်းရွှေ့ နေထိုင်မှုတို့မှာ အဓိက အရေးပါသော ဆွေးနွေးမှုများ ဖြစ်လာ နိုင်ဖွယ်ရာ ရှိနေ၏။

အနူပေါင်သည် မြန်မာစစ်အစိုးရ၏ ဒုတိယ အာဏာ အရှိဆုံး ပုဂိ္ဂုလ်ကြီးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here