ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့ နေဘုန်းလတ် ရှိရာ ဘားအံထောင်သို့ သွားရောက်ခဲ့

alt

ကုလသမဂ္ဂမှ စေလွှတ် လိုက်သော လူ့ အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံမှ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန် နှင့် ဘားအံ ထောင်များသို့ သွားရောက် ခဲ့ကြကြောင်း သိရှိရသည်။

 သောမတ် အိုဂျဲရာ ကွင်တာနာ ဦးဆောင်သော အထူး ကိုယ်စားလှယ် အဖွဲ့သည် ဘားအံ ထောင်ကြီးဆီသို့လည်း သွားရောက်ခဲ့ပြီး ဖြစ်ကာ ထိုထောင် အတွင်းတွင် ကျော်ကြားသော မြန်မာ Blogger နေဘုန်းလတ်အား စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်း ထားသည်။

ဘားအံမှ ရန်ကုန်သို့ ပြန်ရောက်ခဲ့ပြီးနောက် ကွင်တာနာသည် ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် မြန်မာ့နိုင်ငံရေး အကျဉ်းသားများ ရာထောင်ချီမျှ ဖမ်းဆီးထားသည့် အင်းစိန် ထောင်ကြီးသို့ သွားရောက်ခဲ့သည်ဟု သိရှိရသည်။

ကွင်တာနာ သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ရောက်ရှိခဲ့ပြီး ထိုနေ့မှာပင် မြန်မာ စစ်အစိုးရသည် လူသိများသော နိုင်ငံရေးသမား နှစ်ဦးဖြစ်သည့် ညီဘူး နှင့် တင်မင်းထွဋ် တို့ကို ထောင်ဒဏ် (၁၅) နှစ်စီ ချမှတ်လိုက်ပြီး ဖြစ်သည်။ ကွင်တာနာ ကမူ ၎င်း၏ ခရီးစဉ်အတွင်း မြန်မာ စစ်အစိုးရကို လူ့အခွင့်အရေးဆိုင်ရာ ကျင့်ထုံးများကို နားလည် လက်ခံလာစေရေး ဆွဲဆောင် စည်းရုံးနိုင်မည်ဟု ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here