DNA နည်းဖြင့် မှုခင်း ကျူးလွန်သူများ၏ မျက်နှာကို ပုံဖော်နိုင်တော့မည်

alt

အမေရိကန်မှ မှုခင်း သိပ္ပံပညာရှင်များက မကြာမီ ကာလများ အတွင်း မှုခင်းဖြစ်ရာ နေရာတွင် ကျန်ရှိနေခဲ့သည့် DNA ကို ရယူကာ တရားခံ၏ မျက်နှာကို ပုံဖော် နိုင်မည့် နည်းပညာမျိုး ပေါ်ထွန်းလာ နိုင်ကြောင်း ကြေညာ လိုက်သည်။

မှုခင်းဆိုင်ရာ မော်လီကျူး ပညာရှင်များက ဆံပင်များ၊ အသားနှင့် အရေပြား အစအန များ၏ အကူအညီဖြင့် ပြစ်မှု ကျူးလွန်သူ၏ မျက်နှာ တည်ဆောက်ပုံကို ဖန်တီး ရေးဆွဲ နိုင်ရန် နီးစပ်နေပြီဟုု ဆိုသည်။

အဆိုပါ နည်းပညာကို အမေရိကန် အမျိုးသမီး (၇) ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဒါရက် တော့လီး ၏ မျက်နှာကို ပုံဖော်စဉ်က စမ်းသပ် သုံးစွဲခဲ့ပြီး ဖြစ်သည်။ အမေရိကန်၏ အသုံးချ မှုခင်းသိပ္ပံဌာနက ယခု ရလဒ်ကို ပိုမိုတိကျ ကောင်းမွန်လာအောင် အဆင့်မြှင့်မှုများ ပြုလုပ်ပြီးပါက အနာဂါတ် မှုခင်း ထောက်လှမ်းရေး အတွက် အကောင်းဆုံး နည်းပညာတခု ဖြစ်လာနိုင်ကြောင်း ထုတ်ဖော် ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here