ဗြိတိသျှ စစ်သားများ MySpace နှင့် Facebook မသုံးရန် တားမြစ်ခံရ

alt

ဗြိတိသျှ တပ်မတော်သည် ၎င်းတို့၏ တပ်မတော် သားများအား Myspace နှင့် Facebook ကဲ့သို့ Social Networking ၀ဘ်ဆိုဒ်များ အသုံးပြုခွင့်ကို တားမြစ် လိုက်ပြီဖြစ်သည်။

 ထိုဆိုဒ်များတွင် စစ်သည်များ အနေနှင့် Message များ၊ Status Information များ တင်ထားခြင်းဖြင့် တပ်မတော်၏ သတင်း အချက်အလက်များ ပေါက်ကြားနိုင်ပြီး လုံခြံုရေး ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည် ဆိုသော အကြောင်းပြချက်ဖြင့် ယခုလို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုသတင်းသည် နိုင်ငံရပ်ခြားတွင် စစ်မှုထမ်းနေသော စစ်သည်များ အတွက် ထိတ်လန့်စရာ ဖြစ်ခဲ့ရသည်ဟု အာဖဂန် စစ်မြေပြင်မှ စစ်သည်တဦးက ဖြေဆိုကာ ဤတားမြစ်မှု အခြေအနေကို မယုံကြည် နိုင်ကြောင်း၊ ၎င်းတို့သည် မိသားစုများ၊ မိတ်ဆွေများကို ယခုကဲ့သို့ Social Networking ၀ဘ်ဆိုဒ် များဖြင့်သာ အများဆုံး ဆက်သွယ်မှု ပြုလုပ် နေကြရကြောင်း ပြောကြားလိုက်သည်။

ယခု ကြေငြာချက်ကို စစ်သည် အတော်များများက မကျေမနပ် ဖြစ်နေကြပြီး ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိတဦး ကမူ စစ်သားများကို ကလေးများ ကဲ့သို့ ဟိုဟာ မလုပ်ရ၊ ဒီဟာ မလုပ်ရဖြင့် တားမြစ်ခွင့် မရှိကြောင်း ထောက်ပြ ပြောဆိုလိုက် ပြန်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here