ချောကလက်အမဲ စားပါက အမျိုးသမီးများ ကျန်းမာရေးကောင်း

alt

ချော့ကလက်အမဲ စားသုံးခြင်းသည် အမျိုးသမီးများ၏ ကျန်းမာရေးကို ပိုမို ကောင်းမွန်စေရန် အထောက် အကူပြုနိုင်ကြောင်း ဗြိတိန်နိုင်ငံမှ သုတေသီ ဆရာဝန်များက ပြောကြားလိုက်သည်။

 Polyphenols ဟု ခေါ်သည့် ဒြပ်ပေါင်း တမျိုးသည် ချော့ကလက်အမဲ အတွင်း ပေါကြွယ်ဝစွာ ပါ၀င်နေပြီး ၎င်းသည် ဒါဏ်ရာများ နှင့် ဆဲလ် ထိခိုက်မှု များအား ပျောက်ကင်းအောင် စွမ်းဆောင် ပေးနိုင်ကြောင်း သိရသည်။

ယခင် သုတေသန ပြုလုပ်မှုများ အရ ချော့ကလက် အမဲသည် လူသားများ၏ သွေးခုန်နှုန်းကို ကောင်းမွန်စေကြောင်း သိရှိခဲ့ပြီး ဖြစ်သည်။ Queen Margaret  တက္ကသိုလ်မှ ပညာရှင် သုတေသီများက တနေ့လျှင် ချော့ကလက်အမဲ  (၂၀) ဂရမ်မျှ နေ့စဉ်ပုံမှန် စားသုံးသော အမျိုးသမီးများသည် တလ အကြာတွင် ဆီးချို နှင့် ကိုလက်(ထ်) စထရော တိုက်ဖျက်မှုများ အတွက် သိသာထင်ရှားစွာ အကျိုး ရှိလာသည်ကို တွေ့ရှိရကြောင်း ယမန်နေ့က ဗြိတိန်နိုင်ငံတွင် ကြေငြာချက် ထုတ်ပြန် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here