အမေရိကန် နာမည်ကျော် စက်ဘီးသမား၏ စက်ဘီး အခိုးခံရ

alt

အမေရိကန် နာမည်ကျော် စက်ဘီးသမား လန်းစ် အမ်းစထရောင်း သည် ၎င်း၏ စက်ဘီး အခိုး ခံရသဖြင့် အလွန်ဒေါသ ထွက်နေသည်ဟု သူ၏ ကိုယ်ပိုင် ဘလော့ဂ်တွင် ရေးသားထားသည်။

 နာမည်ကျော် Tour de France ပြိုင်ပွဲကို ခုနစ်ကြိမ် တိုင်တိုင် ချန်ပီယံ ဆွတ်ခူးထားသည့် အမ်းစထရောင်းမှာ ၎င်း အိပ်ပျော်နေစဉ် စက်ဘီးကို မသမာ သူများက ခိုးယူသွားခြင်း ဖြစ်ကြောင်း မီဒီယာသို့ ပြောကြားလိုက်သည်။

အဖြစ်အပျက်မှာ ၎င်းသည် ကယ်လီဖိုးနီးယားရှိ ပြိုင်ပွဲတခု ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပြီးနောက် ယခုကဲ့သို့ စက်ဘီးပျောက်မှုနှင့် ကြံုဆုံရခြင်း ဖြစ်သည်။

အမ်း စထရောင်းသည် ထိုသတင်းကို ၎င်း၏ Blog တွင် တင်ထားခဲ့ပြီး ယခု ခိုးယူမှုသည် ၎င်းအတွက် ဓားပြ တိုက်ခံရသလိုပင် ခံစားရကြောင်း ရေးသား ထားသည်။ ထို့အပြင် သူခိုးများသည် ၎င်း၏ စက်ဘီးစီးဖော် အသင်းသား နှစ်ဦးပိုင်ဆိုင်သော စက်ဘီး များကိုလည်း ထပ်မံ ခိုးယူ သွားခဲ့သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here