နှလုံးခုန်နှုန်း ပိုမြန်သည့် အမျိုးသမီးများ ရုတ်တရက် နှလုံးရောဂါ ခံစားရနိုင်

alt

နှလုံးခုန်နှုန်း သာမန်ထက် ပိုမြန်သော အမျိုးသမီး များသည် ရုတ်တရက် နှလုံးရောဂါ ထဖောက်ရန် အခြေအနေ ပိုမို များပြားကြောင်း သိရှိရသည်။

 နှလုံးခုန်နှုန်း ပိုမြန်ခြင်းသည် သွေးစီးဆင်းမှုကို ပိုမိုအားကောင်း စေသော်လည်း နှလုံးကြွက်သားများ လှုပ်ရှားမှု အလွန် များပြားလာမှုသည် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှု တခုဖြစ်လာကြောင်း အမေရိကန်နိုင်ငံမှ ဆရာဝန်များက သတိပေးခဲ့သည်။

အချို့သော အမျိုးသမီးများသည် သမားရိုးကျ အခြေအနေထက် နှလုံးခုန်မှု ပိုမို မြန်ဆန်နေတတ်ပြီး ထိုအခြေအနေသည် တချိန်ချိန်တွင် ထဖောက် လာနိုင်သည်ဟု ဆိုသည်။ အမျိုးသမီး (၂၀၀၀) ကျော်ကို (၈) နှစ်ကျော်ကြာ သုတေသန ပြုလုပ်ခဲ့ပြီး ဂျော့ရှ်ဝါရှင်တန် တက္ကသိုလ်မှ ဆရာဝန်များက အဆိုပါ ရလဒ်ကို တရားဝင် ကြေငြာခဲ့ခြင်း ဖြစ်သည်။

ထိုကြေငြာချက်ကို အမေရိကန်နှင့် ဗြိတိန်နိုင်ငံရှိ ဆေးပညာ မဂ္ဂဇင်း အတော်များများတွင် ထည့်သွင်း ဖော်ပြပေးရန် စီစဉ် ထားကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here