အွန်လိုင်း Skype သုံး၍ ရာဇဝတ်မှုများ ပိုမိုပြုလုပ်လာ

alt

အီတလီ ရဲအရာရှိများက Skype ကို အသုံးပြုပြီး အင်တာနက်မှ တဆင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ် နေသည့် ရာဇဝတ်မှုများ ပိုမို တိုးပွား လာကြောင်း နိုင်ငံတကာသို့ သတိပေး ပြောကြား လိုက်သည်။

 ဂြိုဟ်တုဖုန်း ဆက်သွယ်ရေး ၀န်ဆောင်မှု တခုဖြစ်သည့် Skype ကို အသုံးပြုပါက ခြေရာခံ နိုင်ခြင်း မရှိသည်ကို ရာဇဝတ်ကောင် များက အခွင့်ကောင်း ယူကာ အသုံးချ နေသည်ဟု မီလန် ရဲတပ်ဖွဲ့က ၀န်ခံခဲ့ကြသည်။

အထူးသဖြင့် လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အတွက် Skype ကို ပိုမို အသုံးချနေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ Skype ကုမ္မဏီသည် အသုံးပြုသူ များ၏ Privacy ကို အထိပါး မခံနိုင်ဟူသည့် အကြောင်းပြချက်ဖြင့် အာဏာပိုင်များက အချက်အလက် မျှဝေရန် တောင်းဆိုမှုကို ငြင်းပယ် ထားခြင်းကြောင့် ယခုလို မှုခင်းများ ဖြစ်ရသည်ဟု အီတလီ ရဲတပ်ဖွဲ့မှ ဆိုသည်။

Skype ကို အသုံးပြုသူ ဦးရေသည် ပြီးခဲ့သော နှစ်များအတွင်း သိသိသာသာ တိုးပွားလာခဲ့ပြီး အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့များသည်လည်း Skype ကို အသုံးပြုကာ တယ်လီဖုန်း ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု အမေရိကန် စစ်တပ်ကလည်း ပြောကြားခဲ့ဖူးသည်။

အီတလီ ၀န်ကြီးချုပ် ဆီဗီယို ဘာလူစကိုနီက Skype သည် ရည်ရွယ်ချက် ကောင်းမွန်သော်လည်း ဒုစရိုက်သမားများ အတွက် အထောက်အကူ ဖြစ်လာနိုင်သည်ကို သတိပြုသင့်ကြောင်း ကမာ္ဘသို့ ထပ်လောင်း အသိပေး ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here