GQ မဂ္ဂဇင်း၏ စတိုင်အကျဆုံး စာရင်းတွင် ဂျက်စတင် တင်ဘာလိတ် ဦးဆောင်နေ

alt

မတ်လထုတ် GQ မဂ္ဂဇင်း၏ အမေရိကန်မှ စတိုင် အကျဆုံး အမျိုးသား (၁၀) ဦး စာရင်းတွင် ဂျက်စတင် တင်းဘားလိတ်က ထိပ်ဆုံးနေရာမှ ရပ်တည် နိုင်ခဲ့သည်။

 မဂ္ဂဇင်းတွင် ဖော်ပြထားမှု အရ တင်းဘားလိတ်သည် ၀တ်စားဆင်ယင်မှု သေသပ် ကျနရုံမျှမက အမူအယာနှင့် အပြောအဆို ရည်မွန်မှုကြောင့်ပါ ယခုလို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသက် (၂၈) နှစ် အရွယ်ရှိ အဆိုတော် တင်းဘားလိတ်သည် ယခုကဲ့သို့ အမေရိကန်၏ စတိုင်အကျဆုံး အမျိုးသား (၁၀) ဦးစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ရန် အဆိုတော် ကင်ညာ ၀က်စ်၊ ဂျေဆန် ရှဝက်ဇ်မန်၊ ဟိုတယ်သူဌေး အန်ဒရီ ဘာလက်ဇ် နှင့် ဓာတ်ပုံဆရာ အလက်ဆီ လူဘိုမာဆကီ တို့ကို ကျော်ဖြတ်ခဲ့ရကြောင်း GQ မဂ္ဂဇင်းကြီးက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here