အာရှ ဒေသသည် ဟီလာရီ ကလင်တန်၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်လာမည်

alt

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က သူမ၏ ၀န်ကြီး ရာထူးအတွင်း ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ် အဖြစ် အာရှ ဒေသအား ရွေးချယ် လိုက်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။

 ဂျပန်၊ အင်ဒိုနီးရှား၊ တရုတ် နှင့် တောင်ကိုရီးယား တို့ကို သွားရောက်မည့် အဆိုပါ ခရီးစဉ်သည် အမေရိကန် ပြည်ထောင်စု အနေနှင့် အာရှ နိုင်ငံများအား မဟာမိတ် အဖြစ် သတ်မှတ်ကြောင်း ပြသသည့် သဘောလည်း ဖြစ်သည်ဟု ဟီလာရီ ကဆိုသည်။

သူမသည် ဂျပန်နှင့် အမေရိကန် ဆက်ဆံရေး တိုးမြှင့်သွားရန် ဆောင်ရွက်မည်ဖြစ်ပြီး မြောက်ကိုရီးယား တိုက်ချင်းပစ် နျူကလီးယား ဒုံးကျည် အစီအစဉ်ကို တားဆီးနိုင်ရန် တရုတ်နိုင်ငံ နှင့် ပူးတွဲ ဖြေရှင်းနိုင်ရေး ညှိနှိုင်းသွားရန် ပြင်ဆင်ထားသည်။

ဂျပန်၊ တရုတ်တို့ နှင့် ရင်းနှီးသော ဆက်ဆံရေးကို ထူထောင်နိုင်ခြင်းဖြင့် ပစ္စဖိတ်ဒေသ အတွင်း အမေရိကန်၏ အင်အား ကောင်းမွန်သော မိတ်ဆွေနိုင်ငံများ တိုးပွားလာမည်ဟု ဟီလာရီက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here