မြန်မာနိုင်ငံ၌ ယခုနှစ် ဇန်နဝါရီလ အတွင်း မီးလောင်မှု (၉၆) ကြိမ် ဖြစ်ပွားခဲ့

alt

ယခုနှစ် ဇန်နဝါရီလ အတွင်းမှာပင် မြန်မာနိုင်ငံ အတွင်း မီးလောင်မှု (၉၆) ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်း မြန်မာစစ်အစိုးရ အာဏာပိုင်များက ထုတ်ပြန် ပြောကြား လိုက်သည်။

 (၇၄)ခုမှာ ပေါ့ဆမှုကြောင့် မီးဖိုချောင်မှ အစပြု လောင်ကျွမ်းခြင်း ဖြစ်ပြီး (၁၄) ခုမှာ လျှပ်စစ်မီးကြိုးများ ရှော့ခ် ဖြစ်ရာမှ ကူးစက် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မီးသတ် ဌာနက ကြေငြာသည်။ ပေါ့ဆ မီးကြောင့် ဆုံးရှုံးမှု အများဆုံး ကြံုတွေ့ ရတတ်ကြောင်းလည်း မီးသတ်ဌာနက ထောက်ပြခဲ့သည်။

တရားဝင် စာရင်းများအရ (၂၀၀၈) ခုနှစ်အတွင်း မီးလောင်မှုကြောင့် အိမ်ခြေ (၅၀၀၀) ကျော် ပျက်စီးဆုံးရှုံးကာ စက်ရုံနှင့် အခြားသော စက်မှုလုပ်ငန်း (၄၅) ခုခန့်လည်း မီးလောင်မှုထဲတွင် ပါသွားခဲ့ရသည်။ လူ (၂၈) ဦး သေဆုံးကာ (၅၂) ဦး ဒါဏ်ရာ ရရှိပြီး လူ (၁၇၀၈၆) ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ယခု နောက်ဆုံး လောင်ကျွမ်းခဲ့သည့် အဆိုးရွားဆုံး မီးမှာ မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ် ဆီဖြည့်ရာမှ စတင် လောင်ကျွမ်းသော မီးဖြစ်ပြီး ဖေဖော်ဝါရီလ (၉) ရက်နေ့က လောင်ကျွမ်းမှု အတွင်း အိမ်ခြေ (၃၂၀) ဆုံးရှုံးပြီး လူပေါင်း (၁၆၁၉) ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ကြရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here