လူ့ အခွင့်အရေး မင်းကြီးရောက်သည့် မြဝတီတွင် တိုက်ပွဲဖြစ်

alt

ကရင်အမျိုးသား တပ်မတော် KNU နှင့် DKBA တို့သည် ယခုအပါတ် စနေနေ့က ကရင်ပြည်နယ် မြဝတီမြို့ အနီး တဝိုက်တွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားနေရာ မြဝတီမြို့ အနီး ပါတ်ဝန်းကျင်သို့ မော်တာ ကျည်ဆံများ ကျရောက် ခဲ့သည်ဟု စစ်အစိုးရ အာဏာပိုင် များက မြန်မာ့ အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။

စနေနေ့ အနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ လူ့ အခွင့်အရေး ကျွမ်းကျင်သူ ကွင်တာနာ သည် ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် DKBA နှင့် ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စကို အဓိကထား တွေ့ဆုံ ဆွေးနွေးခဲ့ကာ တိုက်ပွဲများ ဖြစ်နေသည့် မြဝတီမြို့မှ တနင်္ဂနွေနေ့ အစောပိုင်းတွင်  ရဟတ်ယာဉ်နှင့် ပြန်လည် ထွက်ခွာ သွားသည်ဟု မြန်မာ စစ်အစိုးရ အာဏာပိုင်များက ထုတ်ပြန် ကြေညာ လိုက်သည်။

ကွင်တာနာ သည် နာမည်ဆိုး နှင့် ကျော်ကြားသော အင်းစိန်ထောင် အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ နှင့် တွေ့ဆုံမည် ဖြစ်ပြီး သူအား မနှစ်သက်သည့် နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများနှင့်လဲ ထပ်မံ တွေ့ဆုံဦးမည် ဖြစ်သည်ဟု သိရှိရသည်။

ကွင်တာနာသည် ပြီးခဲ့သည့် နွေလက  မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ယခု သူ လာရောက်ခဲ့သည့် မြဝတီမြို့  အနောက် တောင်ပိုင်း ရမိုင်အကွာ သို့လဲ KNUမှ  မော်တာကျည်ဆံ ၂လုံး ကျရောက် ခဲ့သည်ဟု အေအက်ဖ်ပီ သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here