ခြေထောက် ( ဘစောတင် )

alt

 ဟောဒီ … ခြေထောက်ဟာ

ရွှေဖိနပ်ကိုလည်း … ချိန်ဖူးတယ်

ရွှေဂိုးကိုလည်း … သွင်းဖူးတယ်။

 ခရီးရောက်အောင်လည်း သွားဖူးတယ်

လမ်းပျောက် ရွာလည်လည်း ဖြစ်ဖူးတယ်။

 

 ဟောဒီ … ခြေထောက်ဟာ

ကိုယ့် ပုဆိုးကိုလည်း နင်းဖူးတယ်

ကိုယ့် အမျိုးကိုလည်း ညှဉ်းဖူးတယ်

ကိုယ့် ဂိုးကိုလည်း သွင်းဖူးတယ်။

 

ဟောဒီ … ခြေထောက်ဟာ

သူရဲကောင်းရဲ့ မြင်းတကောင်လည်း ဖြစ်ဖူးတယ်

သူယုတ်မာရဲ့ မသာ ရထားလည်း ဖြစ်ဖူးတယ်။

 

တကယ်တော့ ….. လူတိုင်း ပိုင်ဆိုင်တဲ့ ခြေအစုံဟာ

လူတိုင်း လိုချင်တဲ့ ခရီးကိုသွားပေးတယ်

ကော်ဇောကိုလည်း နင်းပေးတယ်

ခွေးချေးကိုလည်း နင်းပေးတယ်

ခြေထောက်ပိုင်ရှင် စေသလိုပ။

ဘစောတင်

LEAVE A REPLY

Please enter your comment!
Please enter your name here