ကျောင်းသူတွေကို ဘီယာတိုက်သည့် ဆရာမ ဒါဏ်ရိုက်ခံရ

alt

ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့တော်ဧရိယာ အတွင်းရှိ အလယ်တန်း ကျောင်း တကျောင်းတွင် အသက် (၁၅) နှစ် အရွယ် ကျောင်းသူ နှစ်ဦးအား ဘီယာတိုက်ခဲ့သည့် ဆရာမတဦးအား မြို့တော် အာဏာပိုင် များက ဆွီဒင်ငွေ (၂၇၀၀) ခရိုနာ (အမေရိကန် ဒေါ်လာငွေ ၉၀၀ တိတိ) ဒါဏ်ငွေ ချမှတ် လိုက်ကြောင်း သိရသည်။

 ဆော်လ်နာ ခရိုင် အလယ်တန်း ကျောင်းမှ ဆယ်ကျော်သက် ကျောင်းသူလေး နှစ်ဦးအား အသက် (၃၈) နှစ် အရွယ်ရှိ ဆရာမတဦးက အရက်ဆိုင် တခု အတွင်းမှ ဘီယာ နှစ်အိတ် ၀ယ်ပေးခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် ယခုလို ဒါဏ်ရိုက် အရေးယူခဲ့ခြင်း ဖြစ်သည်။

ဆွီဒင်တွင် အသက် (၂၀) မပြည့်မချင်း အရက်ဝယ်ရန် ခွင့်မပြုသလို အသက် (၁၈) နှစ်အောက် ကလေးငယ်များ သည်လည်း ဘီယာ ၀ယ်နိုင်ရန် အခွင့်အရေး မရှိကြောင်း ဥပဒေ ပြဌာန်းထားသည်။ ထို့အပြင် အဆိုပါ ဆရာမသည် ကလေးများအား ယခင် ကလည်း ဘီယာ ၀ယ်တိုက်ဖူးသည့် လုပ်ရပ်များ ပြုလုပ်ခဲ့သလို ဆေးလိပ်လည်း တိုက်ခဲ့သေးသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here