ချယ်လ်ဆီး၏ ကွင်းလယ်လူ လမ်းပတ် ၏ ပြစ်ဒါဏ် အယူခံ အောင်မြင်

alt

လီဗာပူးလ် အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်တွင် အနီကဒ် ပြစ်ဒါဏ် ကျခံခဲ့ရသည့် ချယ်လ်ဆီး ကွင်းလယ်လူ ဖရန့် လမ်းပတ်မှာ (၃)ပွဲပယ် ပြစ်ဒါဏ်မှ ကင်းလွတ်ခွင့် ရရန် အယူခံ ၀င်မှု အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

 လီဗာပူးလ်၏ အိမ်ကွင်း အန်းဖီးလ်တွင် (၂-၀) ဖြင့် အရေးနိမ့် ခဲ့သည့် ပွဲစဉ် အတွင်း အင်္ဂလန် လက်ရွေးစင် လမ်းပတ်သည် ဇာဘီ အလွန်းဆို ကို ဖျက်ထုတ်ခဲ့ရာ ဒိုင်ဖြစ်သူက တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်းတွင် လမ်းပတ် ထွက်ခဲ့ရပြီးနောက် လီဗာပူးလ် မှ ကစားကွက် ပိုမိုအသာစီး ရရှိလာ ပြီးနောက် ဖာနန်ဒို တောရက်စ် ၏ သွင်းဂိုးများဖြင့် အနိုင်ရ သွားခဲ့သည်။ ပွဲအတွင်း ဒိုင်ဖြစ်သူ၏ ဆုံးဖြတ်ချက်များ အပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်လာ ခဲ့ပြီး လီဗာပူးလ် အသင်းခေါင်းဆောင် စတီဖင် ဂျရတ် နှင့် ချယ်လ်ဆီး ညာနောက်ခံလူ ဘောဆင်ဝါ တို့မှာ အနီကဒ် ထိလောက်သော ပြစ်ဒါဏ်များ ကျူးလွန် ခဲ့သည့်တိုင် ဒိုင်က လျစ်လျူရှုခဲ့ပြီး လမ်းပတ် ၏ ဖျက်ထုတ်မှု မှာမူ အဝါကဒ် မျှသာ ပြခဲ့သင့်ကြောင်း ပရိသတ် အများစုက ရှုမြင်နေကြသည်။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ချယ်လ်ဆီး၏ အယူခံကို ကြားနာ ခဲ့ပြီးနောက် လမ်းပတ်အား နောက်ထပ် (၃)ပွဲ ပယ်မည့် ဆုံးဖြတ်ချက်ကို တရားဝင် ပယ်ဖျက် ပေးလိုက်ပြီး လီဗာပူးလ် နည်းပြ ဘင်နီ တက်ဇ် ကမူ လမ်းပတ်သည် အနီကဒ်နှင့် ထိုက်တန်ကြောင်း ပြောကြားခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here