အပြာရောင်ကြောင့် စိတ်ကူး စိတ်သန်း ပိုမိုတိုးတက် ဟုဆို

alt

ကနေဒါနိုင်ငံမှ သုတေသန ပညာရှင် များသည် အရောင်များ၏ စွမ်းအင်ကို အသေးစိတ် လေ့လာမှုများ ပြုလုပ်ခဲ့ကြ ပြီးနောက် အပြာရောင်သည် စိတ်ကူး စိတ်သန်းနှင့် တီထွင်မှု စွမ်းရည်ကို ပိုမိုတိုးတက် ကောင်းမွန် လာစေရန် လှုံ့ဆော် ပေးလေ့ ရှိကြောင်း သတင်း ထုတ်ပြန် လိုက်သည်။

 အပြာရောင် နှင့် ဆန့်ကျင်ဖက်ဟု လူအများစု သတ်မှတ် ထားသည့် အနီရောင်မှာ  အာရုံ စူးစိုက်မှုကို ပိုမို ဖြစ်ပေါ်စေကြောင်း သိရှိရသည်။ ထိုအခြေအနေ များကြောင့် အိမ်တွင်းနှင့် ရုံးခန်းများရှိ အဆင်အပြင်များကို အပြာရောင်များ များဖြင့် အသုံးပြုသင့်ကြောင်း ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ်မှ ပညာရှင်များကဆိုသည်။

စမ်းသပ်မှု အတွက် လူ(၂၀၀) နီးပါးကို အသုံးပြုခဲ့ပြီး ၎င်းတို့နေ့စဉ် ထိတွေ့ နေကျ ပတ်ဝန်းကျင်မှ အရောင်များကို လေ့လာ မှတ်သားပြီး ရလဒ်များကို သုတေသန ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

သုတေသီများ၏ အဆိုအရ အနီရောင် နှင့် ထိတွေ့မှု များပြား သူများသည် အလုပ်ကို စနစ်တကျ သေသပ်မြန်ဆန်စွာ ပြီးစီးအောင် ဆောင်ရွက် နိုင်သော်လည်း အပြာရောင် နှင့် များများ ထိတွေ့သူများ၏ ဖန်တီးမှုမှာ အလွန် ဆန်းပြားပြီး ဆွဲဆောင်မှု ရှိနေတတ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here