၂၀၁၁ ခုနှစ်တွင် အိန္ဒိယ၌ တန်ဖိုးနည်း ကွန်ပြူတာများ ထုတ်လုပ်မည်

alt

အိန္ဒိယနိုင်ငံ အနေနှင့် (၂၀၁၁) ခုနှစ်တွင် တန်ဖိုးနည်း ကွန်ပြူတာ အမြောက်အမြား ထုတ်လုပ်နိုင်ရန် ရည်ရွယ် ထားကြောင်း ကြေညာ လိုက်သည်။

 ရူပီး (၅၀၀) စတာလင် (၇ပေါင်) မျှသာ ငွေကြေး ကျသင့်မည့် Laptop ကွန်ပြူတာ စီမံကိန်းကို အိန္ဒိယမှ နာမည်ကျော် နည်းပညာ ဌာနကြီးနှစ်ခုက ပူးပေါင်း အကောင်အထည် ဖော်လျှက်ရှိပြီး ကမာ္ဘ့တန်ဖိုးနည်း ကွန်ပြူတာ ဈေးကွက်ကို အကောင်းဆုံး ထိုးဖောက်နိုင်ရန် ကြံရွယ်လျှက် ရှိသည်။

တာတာ နာနို အမည်ရှိ ပေါင်စတာလင်ပေါင် (၁၄၅၀) တန် ကမာ္ဘ့ဈေး အသက်သာဆုံး မော်တော်ကား နှင့် (၁၀) ပေါင်တန် မိုဘိုင်းလ်ဖုန်း တို့ကို လက်တွေ့တီထွင် ပြသ ထားနိုင်ခဲ့သော အိန္ဒိယ ပညာရှင်များသည် ယခုလည်း ကမာ္ဘ့ဈေး အသက်သာဆုံး Laptop အတွက် အင်တိုက် အားတိုက် ဆက်လက် ကြိုးပမ်းနေပြီ ဖြစ်သည်။

အမေရိကန်သည် “ကလေးတဦး၊ Laptop တလုံး” အစီအစဉ်ကို အကောင်အထည် ဖော်နေသော်လည်း Laptop တလုံး အတွက် ဈေးနှုန်းသည် (၆၈) ပေါင်ကျော်အထိ ကျသင့် နေဆဲဖြစ်ရာ အိန္ဒိယ၏ Laptop များသည် အမေရိကန် ဈေးကွက်ကို လုယူ သွားနိုင်ဖွယ် ရှိလျှက်နေသည်။

အိန္ဒိယ ပညာရှင်များက ယခု စီမံကိန်းသည် အမှန်တကယ် အကောင်အထည် ပေါ်လာမည်ဟု ကတိပြုကြောင်း၊ ၎င်းတို့ ထုတ်လုပ်မည့် Laptop များသည် တော်ရိလျော်ရိ အနေအထားမျိုး မဟုတ်ဘဲ နှင့် အမှန်တကယ် အသုံးဝင်မည့် Performance မျိုးအထိ ရရှိနိုင်ရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည် ဟုလည်း ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here