အမေရိကန်မှ မုဆိုးဖို နှင့် မုဆိုးမများ အတွက် ဗယ်လင်တိုင်းဒေး

alt

အမေရိကန်နိုင်ငံ အိုကလာ ဟိုးမားမြို့တွင် မုဆိုးဖို နှင့် မုဆိုးမများ အတွက် သီးသန့် ရည်ရွယ်ထားသည့် ချစ်သူများနေ့ အခမ်းအနားကို ကျင်းပမည်ဟု သိရသည်။

 အခမ်းအနား ကျင်းပရေး တာဝန်ခံဖြစ်သူ တိုနီ ဒယ်လ်ပါဆီယိုက သောက ရောက်ပြီး ပူပင်နေသည့် မုဆိုးဖို၊ မုဆိုးမ များသည်လည်း တကမာ္ဘလုံးနှင့် သက်ဆိုင်သည့် ယခ ုအခမ်းအနားကို ၀င်ရောက် ဆင်နွှဲရန် အခွင့်အရေး ရှိပါသည်ဟု ပြောကြားခဲ့သည်။

အချို့သော မုဆိုးမများသည် ခင်ပွန်းသည် ကွယ်လွန် ပြီးနောက် ဆယ်စုနှစ်မျှ အထီးကျန်စွာ နေထိုင် ခဲ့ကြကြောင်း၊ ထိုသို့သော သူများ အတွက် ချစ်သူများနေ့သည် ကျိန်စာ တခုသဖွယ် ဖြစ်နေခြင်းကို ယခု အခမ်းအနားလေးက ပြောင်းလဲ ပေးနိုင်မည်ဟု ယုံကြည်ကြောင်းလည်း သိရှိရသည်။

ယခု အခမ်းအနားကို ကိုယ်ပိုင်သုဿန်များ သီးသန့်ထားရှိသည့် ၀န်ဆောင်မှု ကုမ္ပဏီတခုဖြစ်သည့် BradShaw ကုမ္မဏီက တာဝန်ယူ စီစဉ် ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ၎င်းတို့ သုဿန်တွင် မြှုပ်နှံခဲ့သူများ၏ ကျန်ရစ်သူ ခင်ပွန်း နှင့် ဇနီးများကို ညစာစားပွဲဖြင့်ပင်  တည်ခင်း ဧည့်ခံရန် စီစဉ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here