NLD ပါတီမှ စစ်အစိုးရအား အရေးယူပါရန် ကုလသမဂ္ဂသို့ ပန်ကြား

alt

ကုလ လူ့အခွင့်အရေး စစ်ဆေးရေးမှူး ကွင်တာနာ မြန်မာ နိုင်ငံသို့ လာရောက်မည့် အချိန်တွင် NLD ပါတီမှ မြန်မာ စစ်အစိုးရသည် လူ့အခွင့် အရေးများ ချိုးဖေါက်ပါ သဖြင့် ကမာ္ဘ့ ကုလသမဂ္ဂမှ ထိရောက်စွာ အရေးယူ ပေးပါရန် ပန်ကြား  လိုက်သည်။

 ကုလ အထူးသံတမန် ဂမ်ဘာရီ ခရီးစဉ် အပြီး ၂ပါတ် အကြာတွင် နောက်ထပ် ကုလသမဂ္ဂ ခရီးစဉ်တခု ဖြစ်သော ကုလ လူ့အခွင့်အရေး စစ်ဆေးရေးမှူး သောမတ် အိုဂျီယာ ကွင်တာနာသည် စနေနေ့ အနှောင်းပိုင်းတွင် မြန်မာ နိုင်ငံသို့ ၆ရက်ကြာ လာရောက်မည် ဖြစ်သည်။

၁၃နှစ်ကြာ အကျယ်ချုပ် ဖမ်းဆီး ထိမ်းသိမ်းခြင်းခံရသော နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် နှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသော နိုင်ငံရေး အကျဉ်းသား ထောင်ပေါင်းများစွာကို ချုပ်နှောင်ထားသည့် မြန်မာစစ်အစိုးရ နှင့် တွေ့ဆုံညှိုနှိုင်းရန် လာသော ဂမ်ဘာရီ၏ တိုးတက်မှု မရှိသော ခရီးစဉ်ကြောင့် မြန်မာပြည်သူ အများတို့မှာ ကုလသမဂ္ဂအပေါ် စိတ်ပျက်နေကြရပြီး၊ ယခု ကွင်တာနာ ခရီးစဉ်ကိုလည်း ဆက်လက်စောင့်ကြည့် နေဦးမည်သာ ဖြစ်သည်ဟု သည်စရိတ်တိုင်း သတင်းစာက ထောက်ပြ ပြောဆိုသည်။

ထိုသို့ ခရီး မတွင်သော ကုလ ခရီးစဉ် ခပ်စိတ်စိတ် ကြားမှပင် မြန်မာ စစ်အစိုးရသည် မျက်နှာပြောင် တိုက်ကာ သောကြာနေ့က ၂၀၀၃ခုနှစ် ကတည်း ကပင် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ အဖမ်းခံရသော အသက် ၈၂နှစ် အရွယ်ရှိ NLD ထိပ်တန်းခေါင်းဆောင် ဦးတင်ဦး အား အကျယ်ချုပ် သက်တမ်း ထပ်မံတိုးချဲ့ လိုက်သဖြင့် ယခုကဲ့သို့ NLD ပန်ကြားလွှာ ထွက်ပေါ်လာရခြင်း ဖြစ်သည်ဟု အေအက်(ဖ်)ပီ သတင်းများတွင် သုံးသပ် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here