ကမ္ဘာ့ ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး Touch screen ဖုန်း

alt

ကမာ္ဘကျော် ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီ Samsung က ကမာ္ဘ့ ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး Touch screen ဖုန်းကို စတင် ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

 ပလတ်စတစ် စွန့်ပစ် ပစ္စည်းများကို ဖုန်းကိုယ်ထည် အတွက် ပြန်လည် အသုံးပြုထားသော အဆိုပါ Blue Earth မိုဘိုင်းလ်သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အတွက် အထောက်အကူ ဖြစ်စေမည့် ခေတ်မီ ဆက်သွယ်ရေး ကိရိယာတခု ဖြစ်လာလိမ့်မည်ဟု Samsung ၏ နည်းပညာဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

ဖုန်း၏ နောက်ကျောဘက်တွင် နေရောင်ခြည် စွမ်းအင်ကို စုဆောင်းပေးမည့် ဆိုလာပြား တချပ် တပ်ဆင်ထားပြီး ယခု ဖုန်းကို အသုံးပြုခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျော့ကျသွားနိုင်မည့် ခြေလှမ်းသစ် တခုဟု Samsung က နည်းပညာပိုင်းအရ သုံးသပ်ထားသည်။

ယခု ဖုန်း၏ ဈေးနှုန်းကို အတိအကျ မသိရှိ ရသေးသော်လည်း ဗြိတိန်နိုင်ငံတွင် (၂၀၀၉) ခုနှစ်လယ်လောက်မှ စပြီး ဈေးကွက်တင် ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here