ပဲခူးတိုင်း အတွင်း ဗုံးခွဲ ပြန်ပြီ

alt

မြန်မာ စစ်အစိုးရ အာဏာပိုင်များက လွန်ခဲ့သော ၅ရက်ခန့်က ပဲခူးတိုင်း အတွင်း အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်မည့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများနှင့် အတူ လက်ပစ်ဗုံး၂လုံး ဖမ်းဆီး ရမိသည်ဟု စစ်အစိုးရပိုင် မီဒီယာ New Light of Myanmar သတင်းစာတွင် စနေနေ့က ဖေါ်ပြ ထားသည်။

 မြန်မာစစ်အစိုးရ ဖေါ်ပြနေကြ ဖြစ်သော တနိုင်ငံလုံးအား အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန် အတိုက်ခံ အဖွဲ့အစည်းများမှ စေလွှတ်သည်ကို ဖြူးမြို့နယ်၊ ကညွှတ်ကွင်း ကျေးရွာ အပိုင်တွင်းရှိ ကျေးရွာတရွာတွင် ကွန်ကရစ် ရေဆိုးမြောင်း အတွင်း ပလပ်စတစ်ပုံးဖြင့် ထုတ်ကာ ဖွက်ထားသော ဖေါက်ခွဲရေး ပစ္စည်းများအား ယခင်အပါတ်၌ ဖမ်းဆီးရမိကာ အလားတူ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ကျေးရွာ တခုတွင်လည်း ရွာရှိ ယာယီတံတား တခုနှင့် လူမနေသည့် အိမ်တလုံးတွင် ၁၀မိနစ်ခြား ဗုံး၂လုံး ဆက်တိုက် ပေါက်ကွဲ ခဲ့သည်ဟု ရေးသား ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here