ဗိုက်တာမင် ဆေးဝါးမှီဝဲပြီး အသက်ရှည်သည် ဆိုသည့် အယူအဆ မှားယွင်းနေ

alt

ဗိုက်တာမင် ဆေးဝါးများ မှီဝဲ စားသုံးနေခြင်းသည် ကျန်းမာရေးကို အထောက်အက ူပြုပြီး အသက်ရှည်စေသည် ဆိုသော အယူအဆမှာ လုံးလုံး လွဲမှားနေကြောင်း ရက်ရှီဗာ တက္ကသိုလ် ဆေးပညာဌာနမှ ဆရာဝန်များက ထုတ်ပြန် ကြေညာလိုက်သည်။

 ဗြိတိန်နိုင်ငံတွင် တနှစ်လျှင် ပေါင်စတာလင် သန်း (၃၃၀) မျှ ဗိုက်တာမင် ဆေးဝါးများ ၀ယ်ယူရန် အသုံးပြုနေခြင်းမှာ ငွေဖြုန်းခြင်း သက်သက်သာ ဖြစ်ကြောင်း ဆရာဝန်များက ဆိုသည်။

လူဦးရေ (၁၆၁၈၀၈) ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့ အနက်မှ (၄၁) ရာခိုင်နှုန်းသည် (၁၅) နှစ်ကြာမျှ ဗိုက်တာမင် ဆေးဝါးများကို ပုံမှန်မှီဝဲ စားသုံးခဲ့သူများ ဖြစ်ကြောင်း သုတေသီများက လေ့လာတွေ့ ရှိခဲ့ရသည်။ လေ့လာမှု ရလဒ်များ အရ ဗိုက်တာမင်ဆေးများ ပုံမှန် စားသုံးနေခြင်း အတွက် သိသာ ထင်ရှားသည့် ကောင်းကျိုးများ ထွက်ပေါ်လာခြင်း မရှိပါဟု ဆေးပညာရှင်များက ဖော်ထုတ် နိုင်ခဲ့ကြသည်။

ကျောက်ကပ်၊ ဆီးအိမ်၊ အစာအိမ် စသည့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများသည် ဗိုက်တာမင် အမျိုးအစားအလိုက် ကောင်းကျိုး ရရှိမှုများ ရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း အသက်ရှည်စေသည့် အကြောင်းအခြင်းရာမျိုး လုံးဝ မတွေ့ခဲ့ရပါကြောင်း ဆရာဝန်များက အတည်ပြု ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here