Conficker ဗိုင်းရပ်စ် ရေးသူကို Microsoft ကော်ပိုရေးရှင်းက ဆုငွေထုတ်

alt

Windows OS များကို ဦးတည်တိုက်ခိုက် ဖျက်ဆီးတတ်သည့် Conficker ဗိုင်းရပ်စ်ကို ရေးဆွဲသူ၏ သတင်း အချက်အလက်ကို ဖော်ထုတ်ပေးနိုင်သူ မည်သူကို မဆို အမေရိကန်ဒေါ်လာ (၂၅၀၀၀၀) ပေးအပ် သွားမည်ဟု Microsoft ကော်ပိုရေးရှင်းက ယမန်နေ့က ကမာ္ဘတဝှမ်းသို့ ကြေငြာလိုက်သည်။

 အဆိုပါ ဗိုင်းရပ်စ်သည် Network လမ်းကြောင်းများ အတွင်း လျင်မြန်စွာ ပြန့်နှံ့ သွားလေ့ရှိပြီး အဖျက်စွမ်းအား ကြီးမားသည့် ကွန်ပြူတာ နည်းစနစ်ပိုင်း ဆိုင်ရာ အဖျက် Worm ပိုးမွှားတမျိုး ဖြစ်သည်။

လက်ရှိ အချိန်တွင် Conficker သည် တကမာ္ဘလုံးနှင့် ဆိုင်သော ပြဿနာ တခုအဖြစ် ပြန့်နှံ့ လာနေပြီ ဖြစ်သဖြင့် ယခုကဲ့သို့ ဆုငွေထုတ်ပြန် လိုက်ခြင်းဖြစ်ကြောင်း Microsoft က မီဒီယာသို့ ပြောကြားသွားခဲ့သည်။

Microsoft က ထပ်မံ သတိပေးသည်မှာ ယခု ဗိုင်းရပ်စ်သည် လုံခြံုရေး ဆောင်ရွက်ချက် နည်းပါးနေသည့် ကွန်ပျူတာများ အတွက် ကြောက်စရာ အကောင်းဆုံးသော ခြိမ်းခြောက်မှု တခုအဖြစ် ကြေငြာထားပြီး ထိုဗိုင်းရပ်စ်အား ဖယ်ရှား ရှင်းလင်းနိုင်ရန် အတွက် ဆိုင်ဘာ လုံခြံုရေး အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဟုလည်း ကတိပြု ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here