ဖမ်းခံလိုက်ရသည့် ရီဟန်းနား ချစ်သူ ခရစ္စဘရောင်း ၏ ဖခင် သားအတွက် ထုချေပြီ

alt

သားဖြစ်သူ နာမည်ကြီး ဟစ်ဟော့ အဆိုတော် မစ္စတာ ဘရောင်း (ခေါ်) ခရစ္စ ဘရောင်း (အသက်၁၉နှစ်) ဖမ်းဆီး ထိမ်းသိမ်းခံ ထိပြီးနောက် ပထမဆုံး မီဒီယာနှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ဖခင်ဖြစ်သူ ကလင်တန် ဘရောင်းမှ ခရစ္စရဲ့ အငွေ့အသက်များ သူတို့  မိသားစုလည်း ထပ်တူ ခံစားရပါကြောင်း ဖြေဆို လိုက်သည်။

ခရစ္စ နှင့် Umbrella သီချင်းဖြင့် ကမာ္ဘ့အဆင့် ရပ်တည်ခဲ့သော R & B အဆိုတော်မလေး ရီဟန်းနားတို့ မှာ ယခင်အပါတ် တေးဂီတ ဂရမ်မီဆုပေးပွဲ အတူတက်ရောက်ပြီး နောက်တနေ့တွင် ရီဟန်းနား၏ မျက်နှာတွင် ကုတ်ခြစ် ရောင်ရမ်းနေသည့် အရာများ တွေ့ရသဖြင့် ဟောလီးဝုဒ် အသိုင်းအဝန်းကြားတွင် လွန်စွာ ဟိုးလေးတကျော် ဖြစ်နေချိန်တွင် ရီဟန်းနားမှာ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ပြုလုပ် ကျင်းပရန် ပြင်ဆင်ထားသည့် မလေးရှား ကွန်ဆတ်အား ကောက်ခါငင်ကာ ဖျက်သိမ်းလိုက်သော သတင်းများကြောင့်  ပိုမို လူစိတ်ဝင်တစား ဖြစ်ခဲ့ရသည်။

နောက်တနေ့တွင် မီဒီယာများသို့  ခရစ္စဘရောင်းသည် သူမအား ဤသို့ ကိုယ်ထိ လက်ရောက်ပြုသည်မှာ ၂ကြိမ်ရှိပြီ ဖြစ်ကြောင်း ပြောကြားအပြီး ယခင်အပါတ် တနင်္ဂနွေနေ့တွင် ခရစ္စဘရောင်း ဖမ်ဆီးခံလိုက်ရခြင်း ဖြစ်သည်။ ကာရစ်ဘီယံ ပင်လယ်ထဲမှ ဘာဘာဒို့(စ်) ကျွန်းနိုင်ငံဖွား အသက်(၂၀) ရှိ ရီဟန်းနားမှာ ထိုနေ့က ပုလိပ်စစ်ချက်တွင် မျက်ကွင်းမှာ ညို၍ မျက်လုံးကို အောက်ချဖွင့်နိုင်ပြီး လွန်စွာနာကျင်နေပုံရကာ စိတ်လဲ ဂယောက်ဂယက် ဖြစ်နေပုံရသည် ကိုတွေ့ရသည်ဟု ရေးသားထားသည်။

ထို ဂရမ်မီဆုပေးပွဲ အပြီးညက အယ်လ်အေတွင် ခရစ္စဘရောင်းမှာ မော်တော်ယာဉ် အမြန်မောင်းသဖြင့် ရဲမှ သတိပေး တားမြစ်ခဲ့ရာတွင် ရီဟန်းနား မဟုတ်သော အခြား မိန်းကလေးတဦး ကားပေါ်တွင်ပါလာသည်ဟု သတင်းများတွင် ပါလာရာမှ ထိုရန်ပွဲ စတင်သည်ဟု အချို့က သုံးသပ်ကြသည်။

ဗါဂျီးနီးယားပြည်နယ် Tappahannock အရပ်ရှိ ဖခင်ဖြစ်သူ၏ နေအိမ်တွင် People မဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းရာ သားဖြစ်သူ ခရစ္စ ဘရောင်းမှာ စကားပြောရာတွင် အခြေအနေတိုင်းတွင် ခြေမြောက် လက်မြောက် အနေအထားနှင့် အိုက်တင်ပေး စကားပြော တတ်ကြောင်း၊ မတော်တဆ ခြေချော်လဲ၍ ထိခိုက်မိတာလဲ ဖြစ်နိုင်ကြောင်းကို ရီဟန်းနား ကွဲကွဲပြားပြား သိရန်လိုအပ်ကြောင်း တုန့်ပြန် ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here