နယူးယောက် ဘားဖလိုးတွင် အိမ်တလုံးပေါ် လေယာဉ်ပျက်ကျမှု ဖြစ်ပွား

alt

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် ဘားဖလိုးမြို့မှ နယူးဂျာဆီ ပြည်နယ်၊ နယူးဝက်သို့ ပျံသန်းမည့် ခရီးစဉ်အမှတ် ၃၄၀၇ လေယာဉ် ပျက်ကျရာ လူအယောက် (၅၀) သေဆုံးခဲ့ကြောင်း သိရသည်။

 ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ညက  လေဆိပ်နှင့် ၆မိုင် အကွာ ဘားဖလိုးမြို့ပေါ်ရှိ အိမ်တလုံးပေါ်သို့  လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး  ယင်း ပျက်ကျမှုကြောင့် လေယာဉ်မှာ မီးလောင် ပေါက်ကွဲသွားသဖြင့် ခရီးသည် (၄၄) ဦးနှင့် လေယာဉ် အမှုထမ်း (၄)ဦး၊ တာဝန်ပြီးဆုံးပြီး အိမ်ပြန်မည့် အမှုထမ်း (၁)ဦး မြေပြင်ပေါ်မှ ကနေဒီယန် အမျိုးသားတဦးတို့ သေဆုံးခဲ့ရပြီး မြေပြင် ပျက်ကျရာအိမ်မှ လူ၂ဦးလွတ်မြောက် သွားခဲ့သည်ဟု သိရှိရသည်။

ခရီးသည် ရ၄ယောက်စီး Q400 Bombardier အမျိုးအစား လေယာဉ်သည် ဘားဖလိုး နိုင်ငံတကာ လေဆိပ်မှ ပျံတက်လာ ပြီးနောက် ဆီးနှင်း ထူထပ်မှုနှင့် လေပြင်းတို့ကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ကနဦး သုံးသပ်ထားကြသည်။ လေယာဉ် ပျက်ကျစဉ် ပေ (၅၀) မှ (၁၀၀) အထိ မီးလျှံကြီးများ ကောင်းကင်ပေါ် ထိုးတက်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း လေယာဉ်ပျက်ကျရာ ဘတ်ဖဲလိုးမှ ဒေသခံများက ဆိုသည်။

လက်ရှိ အချိန်တွင် လေယာဉ်ပျက်ကျမှု အတွက် အသေးစိတ် အချက်အလက်များကို စုံစမ်းရာ လေယာဉ်တောင်ပံတွင် ရေခဲများတင်ပြီး မီးလောင်ကျွမ်းရာမှ လေယာဉ်မှာ ဂျွမ်းထိုးမှောက်ခုန် ဖြစ်ပြီး ပျက်ကျခဲ့ရခြင်း ဖြစ်သည်ဟု စစ်ဆေးရေးမှူးများက ဆိုသည်။ လေယာဉ်ပေါ် ပါလာသည့် ခရီးသည်များ၏ မိသားစုများထံ အကြောင်းကြားချက်များ ပေးပို့ထားပြီဟု ဆက်လက် သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here