အာစင်နယ်သို့ အန်ဒရီ အက်ရှ်ဗင် ရောက်သည့် အတွက် ပရိသတ်များကျေနပ်

alt

အာစင်နယ် ပရိသတ်များက အသင်းသို့ အန်ဒရီ အက်ရှ်ဗင် ရောက်ရှိလာမှုကို အလွန်အမင်း ကျေနပ်လျှက် ရှိသည်ဟု လန်ဒန် အီးဗနင်း ပို့(စ်)တွင် ယနေ့ ဖေါ်ပြထားသည်။

 အသက် (၂၇) နှစ် ရှိပြီဖြစ်သော ယူရို (၂၀၀၈) ကြယ်ပွင့် ရုရှားလက်ရွေးစင် အက်ရှ်ဗင်သည် ဇင်းနစ် စိန့်ပီတာစဘတ် ကလပ်မှ အာစင်နယ်သို့ ပေါင် (၁၀) သန်းဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

၎င်း၏ စွမ်းဆောင်ရည်ကို ကြည့်ပြီး အာစင်နယ်က ဇင်းနစ် အသင်းထံ နောက်ထပ် ပေါင် (၂) သန်းထိ ပေးရဖွယ် ရှိသော်လည်း အက်ရှ်ဗင် ကဲ့သို့ ကမာ္ဘ့ထိပ်တန်း ကစားသမားတဦး အတွက် ယခု ပေးရသော ကြေးသည် အလွန်တန်ကြောင်း ပရိသတ်များက ယူဆထားကြသည်။

အက်ရှ်ဗင်သည် ဇင်းနစ် နှင့်အတူ UEFA ဥရောပဖလား ရရှိထားပြီး ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရရှိပြီး ဥရောပ စူပါဖလားကိုပါ ဆွတ်ခူး ထားနိုင်ခဲ့သည်။ အက်ရှ်ဗင် ရောက်ရှိလာမှုသည် ကွင်းလယ်တွင် စပိန် လက်ရွေးစင် ဆက်စ်ဖာ ဘရီဂက်စ် ဒါဏ်ရာရသဖြင့် ခေါင်းခဲနေသည့် နည်းပြချုပ် အာစင်းဝင်းဂါး အတွက် အားတက်စရာ ဖြစ်လာခဲ့ရသည်။ အက်ရှ်ဗင်သည် အာစင်နယ်တွင် ကစားကြေး အဖြစ် တပါတ်လျှင် ပေါင် (၇၀၀၀၀) ရရှိမည်ဟုလည်း  သတင်းများတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here