ကျန်းမာရေး ထိခိုက်ခဲ့ ရမှုကြောင့် Disney Land ကို တရားစွဲဆိုမည်

alt

ဗြိတိန် ဆယ်ကျော်သက် အမျိုးသမီးငယ် တဦးသည် သူမ၏ ကျန်းမာရေးကို ထိခိုက်ခဲ့သည့် အတွက် ဒစ်စနီလန်းကို တရားစွဲဆို ထားကြောင်း သိရှိရသည်။

 လွန်ခဲ့သော ၃နှစ်က အသက်(၁၆)နှစ် အရွယ်တွင် လင်နီ ဒီကွန်သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ ဒစ်စနီလန်းသို့ မိသားစုနှင့် အတူ အလည်အပတ် ရောက်ရှိ နေစဉ် နာမည်ကျော် Tower of Terror သို့ ရောက်ရှိခဲ့ပြီး ထိုနေရာရှိ ရိုလာ ကိုစတာကို တက်စီးခဲ့ရာ မတော်တဆမှု ဖြစ်ပွားခဲ့ရာ ယခု အခါတွင် အသက်(၁၉)နှစ် ရှိနေပြီ ဖြစ်သည့် လင်နီသည် ထိုစဉ်က ရိုလာ ကိုစတာပေါ်မှ ပြုတ်ကျခဲ့ပြီး ကိုမာ သဘောမျိုး အပြင်းအထန် ကြံုတွေ့ ခဲ့ရသည်။

ယခုအခါ သူမသည် စကား မပြောနိုင်တော့သလို (၂၄)နာရီ အချိန်ပြည့် ဆေးကုသ စောင့်ရှောက်မှုဖြင့် နေထိုင် နေရသည်။ ဆရာဝန်များက ဦးနှောက်ကို အပြင်းအထန် ထိခိုက် သွားသောကြောင့် လင်နီ၏ အသက် အန္တရာယ်မှာ အချိန်မရွေး စိုးရိမ်ရသည့် အဆင့်သို့ ရောက်ရှိသွားနိုင်ကြောင်း ပြောကြားထားသည်။

ထိုဖြစ်ရပ်များ (၃)နှစ်ကျော် ကြာမြင့်ချိန်မှ လင်နီနှင့် သူမ၏ မိခင်တို့သည် ဒစ်စနီလန်းအား တရားစွဲဆိုပြီး လုံခြံုမှု စီစစ်ရန် ပျက်ကွက်ခဲ့ သဖြင့် လင်နီ၏ ဦးနှောက်ကို ထိခိုက်မိခဲ့ကြောင်း စွဲချက်တင်ခဲ့သည်။ လင်နီ၏ မိခင် ဂျံုးက ဒစ်စနီလန်း ပိုင်ရှင်များ အနေနှင့် လိုအပ်သော လုံခြံုရေး အခြေအနေများကို ဂရုတစိုက် စစ်ဆေးရန် မျက်ကွယ် ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒစ်စနီလန်း ဘက်ကမူ ယခုသတင်း အတွက် တစုံတရာ ဖြေရှင်းချက် မပေးသေးသော်လည်း ရိုလာ ကိုစတာသည် ပုံမှန် လည်ပတ်နေဆ ဲဖြစ်ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here